Another Tournament is Coming

in #hive-1221332 months ago

Tournament အကြီးကြီး 2 ခု ကစားပြီးသွားသည့် နောက်မှာတော့ ကြည့်စရာ ပွဲ မရှိသဖြင့် ယောင်လည်လည် ဖြစ်လို့နေ၏။ Club friendly match တွေတော့ ရှိပါ၏။ ဒါပေမယ့် သိပ်ပြီး ရင်ခုန် စိတ်လှုပ်ရှားစရာ မရှိ၊ မကောင်းလှပေ။ July 24 မှာတော့ Summer Olympic ၏ ဘောလုံးပွဲစဉ်တွေ ရှိ၏။ လက်ရွေးစဉ် အသင်းတွေ ဆိုပေမယ့် U23 အသင်းသာ ဖြစ်၏။ 23 နှစ်အထက် ကစားသမား 3 ယောက် ပါဝင်ခွင့်တော့ ရှိ၏။ သို့ပေမယ့် အများစုက လူငယ်တွေ ချည်းသာမို့ ပွဲတွေက ကြည့်ရတာ မြိုင်ဆိုင်၏။ သွက်လက်၏။ မြန်၏။ မျက်နှာသစ် ကစားသမားတွေ အများကြီး တွေ့ခွင့်ရ၏။

ကမ္ဘာတဝှမ်းက Clubs အသင်းတွေကလည်း ဒီလိုပွဲမျိုးတွေကို စောင့်ကြည့်လေ့ ရှိ၏။ ဘယ်ကစားသမားက ဘယ်လို အ‌ခြေအနေ ရှိတယ်။ ငါတို့ အသင်းနဲ့ သင့်တော်လား၊ အဆင်ပြေနိုင်မလား အစရှိသဖြင့် စောင့်ကြည့်ကြလေ့ ရှိ၏။ အဆင်ပြေရင် ပြိုင်ပွဲ ပြီးတာနဲ့ စာချုပ် ချုပ်တာမျိုးတွေပါ ရှိ၏။ လူငယ် ကစားသမားတွေ အဖို့ လက်ရှိ အနေအထားကနေ တဆင့်တက်၊ မြင့် နိုင်သည့် အခွင့်အရေးတွေ ရှိ၏။ မိမိ အစွမ်းပြရင် ပြနိုင်သလို အခွင့်အလမ်းတွေ ပိုရရှိနိုင်၏။ ထို့ကြောင့်လည်း သက်တမ်း အလိုက် ပွဲတွေက တခါတလေ လက်ရွေးစဉ် စီနီယာ အသင်းကြီးတွေ၏ ပွဲစဉ်တွေထက် ပိုပြီး ကောင်းနေတတ်၏။

August လလယ်လောက် ရောက်မှသာ ဥရောပလိဂ်ပြိုင်တွေ ပြန်လည် စတင်မည် ဖြစ်၏။ ကြားထဲမှာတော့ ချစ်ကြည်ရေး၊ ခြေစမ်း ပွဲလေးတွေ ကြည့်ရင်း ရသေ့စိတ်ဖြေ နေရပေလိမ့်ဦးမည်။ ချစ်ကြည်ရေး ပွဲ ဆိုလို့ United ၏ ရာသီအဖွင့် ခြေစမ်းပွဲကတော့ အရှုံးနဲ့ စခဲ့ပြီ ဖြစ်၏။ Norway Club Rosenborg နှင့် ခြေစမ်းပွဲမှာ 1-0 ဖြင့် ရှုံးနိမ့်ခဲ့ရ၏။ အဓိက ကစားသမား အချို့ ပါဝင်ခဲ့သည် ဆိုပေမယ့် အနိုင်ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပေ။ နောက်ပွဲတွေတော့ မည်သို့ မည်ပုံ လာဦးမည် မသိ။

ဘယ်သူတွေကို ခေါ်ပြီး ‌ဘယ်သူတွေ အသင်းကနေ ထွက်ခွာသွားမည်တော့ မသိပေ။ ရာသီသစ် အတွက် လူရောင်း၊ လူဝယ် ပြင်ဆင်မှုကတော့ ယခင် ရာသီတွေထက်စာရင် ပိုအဆင်ပြေမည် ထင်ပါရဲ့။ အသင်းနဲ့ သင့်တော်မည့် ကစားသမားတွေကို သေချာ စီစစ် ခေါ်ယူနိုင်ဖို့တော့ လိုမည်။ July 20 ရက်နေ့မှာတော့ Scotland Club Rangers အသင်းနှင့် မြန်မာ စံတော်ချိန် ည 9 နာရီခွဲမှာ ‌ခြေစွမ်းပွဲ ကစားကြမည် ဖြစ်၏။ မည်သည့် ရလဒ်မျိုး ထွက်ပေါ် လာဦးမည်တော့ မသိပေ။

England လက်ရွေးစဉ် အမျိုးသမီးအသင်း အနေဖြင့်တော့ Euro 2025 Women qualifications အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ 2022 ရဲ့ ချန်ပီယံ England အမျိုးသမီးအသင်းအနေဖြင့် သူတို့၏ ချန်ပီယံဆုကို ကာကွယ် နိုင်ဖို့ရန် ခြေလှမ်း စတင်နိုင်ခဲ့ပြီ ဖြစ်၏။

(photos from Respective Facebook pages)