ဘာဖြစ်စေချင်တာလဲ

in #hive-12213318 days ago

ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေခဲ့၏။ ဘာတွေ ရှုပ်လို့ ရှုပ်နေသည်မသိပေ။ ရှုပ်နေတာကတော့ အမှန်ပင်။ Dogs tokens ထွင်လာပြီး ကတည်းကဟု ဆိုရပေလိမ့်မည်။ Airdrop တွေဘက် စိတ်ရောက်နေတာနဲ့ တချို့ လုပ်ရမယ့် အလုပ်တွေလည်း လစ်ဟင်းမှု၊ နှောင့်နှေးမှုတွေ ဖြစ်ကုန်၏။ Airdrop နှင့်အတူ အလုပ်ထပ်ရှုပ်စေသူကတော့ Bitget exchange ဖြစ်၏။ Account verify လုပ်တာ မရနေပေ။ တရက်မကတော့ ၄၊ ၅ ရက်လောက် ရှိနေခဲ့ပြီ။ စိတ်လည်း မရှည်ချင်တော့ပေ။

မှတ်ပုံတင်နဲ့ ရတယ်လို့လည်း ပြောသေး၊ မှတ်ပုံတင်နဲ့ တင်တာပဲကို မရနေခြင်း ဖြစ်၏။ Auto ကော၊ Manual ကော နည်းပေါင်း စုံနေခဲ့ပြီ။ နောက်ဆုံး Manual နည်းမှာတော့ format support မပေးဘူးဟု ဆိုထား၏။ ပထမတခါကြ လက်ထဲ ကိုင်ထားတဲ့ ID က ဝါးနေလို့တဲ့။ အဆင်ပြေအောင် ပြန်လည်း ရိုက်ပေးပြီးရော format support မပေးပါတဲ့။ Bitget က ဘာများ ဖြစ်ချင်နေသနည်း။ မနည်း ဆွဲဆန့်ထားသည့် စိတ်က သည်းခံမှု စွမ်းအား နည်းလို့ သွားခဲ့ပြီ။

Dogs event လည်း ပြီးသွားခဲ့ပြီ။ ရကံ မပါတော့ အဲ့လိုပါဆို။ ကိုယ် တယောက်ထဲ မရတာ မဟုတ်၊ ဒီရက်ပိုင်း တချို့လူတွေလည်း verify တင်မရဘူး ပြောနေကြ၏။ ဒါက အတော်လေး ဆိုးလှ၏။ အသုံးပြုမယ့်သူတွေက အဆင်သင့် ရှိနေတာကို App က အဆင်မပြေ ထဖြစ်နေခဲ့၏။ သည်းခံလက်စနဲ့ သည်းခံရုံပင်။

Dogs အလွန် hot နေတဲ့ Tokens တွေတော့ အများသား။ အကုန် မဟုတ်တောင် လက်လှမ်း မှီသလောက်တော့ လိုက်လုပ်ထား၏။ အကုန်လုံးလည်း မလုပ်နိုင်ပေ။ တချို့ဟာတွေက တတောက်တောက်နဲ့ နှိပ်နေရမှာတွေဆိုတော့ ကိုယ့်စိတ်နဲ့ အဆင်မပြေပေ။ Airdrop ဘက် ရောက်လွန်းနေသည့် စိတ်ကို ပြန်တော့ ထိန်းထားဦးမှပါလေ။ ကိုယ်က ဘယ်လမ်းကို ဦးတည်မှာလဲကို မေ့ထားလို့မရပေ။ Airdrop တွေက ဘယ်အချိန်ထိ ရမယ်ဆိုတာ ကံသေ ကံမ မပြောနိုင်ဘူးမလား။ လုပ်စရာ ရှိတာ လုပ်ရင်း ရတုန်းလေး ရသလောက် ယူထားရုံပေါ့။

Sort:  

ရတုန်း ယူထားပါ။
!LOLZ
!MEME

The first time I saw my future Wife was at the local Zoo.
I just knew she was a keeper.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Month Challenge - August 2024 Winners List
Be ready for the September edition of the Hive Power Up Month!
Hive Power Up Day - September 1st 2024