Bootloader Unlock (Final Chapter)

in #hive-12213317 days ago

MIUI account ရှိပြီးသားမို့ phone မှာ developer options on ပြီး unlock လုပ်ဖို့ MIUI account သွင်း၏။ PC မှာ MI unlock tool download လုပ်ပြီး phone မှာ ထည့်ထားသည့် MIUI account နဲ့ပဲ ဝင်၏။ Unlock လျှောက်၏။ မရပေ။ "The place where the account is registered does not match the place where the phone is sold." ဆိုသည့် စာသား ပြနေ၏။ ဘာကြီးလဲပေါ့။ သို့နှင့် Google ခေါက်၊ YouTube မှာ လိုက်ရှာကြည့်ရလေတော့၏။

ခုနောက်ပိုင်း Xiaomi က unlock အတွက် rule တွေ ပြောင်းလိုက်၏။ Region နဲ့ ခွဲပစ်၏။ Global အတွက် ထုတ်သည့် phone ဆိုရင် ဘယ် region MIUI account နဲ့ မဆို unlock လုပ်လို့ရပေမယ့် China region အတွက် ထုတ်ထားသည့် phone တွေ အတွက်ဆိုရင်တော့ china region MIUI account နဲ့သာ unlock လုပ်လို့ ရမည် ဖြစ်၏။ အဲ့မှာ စတာပဲ။ ကျနော့် phone က china region အတွက် ထုတ်ထားတာ။

Global နဲ့ China ကလည်း ဈေးက ကွာ၏။ Ram & ROM ချင်း အတူတူကို Global က တသိန်းလောက်ပို၏။ ကိုယ့်လက်ထဲ ရှိတာကလည်း China လောက်သာ နိုင်သည်မို့ ဒါပဲ ဝယ်ခဲ့၏။ ဒီလိုမှန်းသိရင် Global ပဲ ဝယ်ခဲ့မှာပေါ့။ အရင်တုန်းကတော့ China region phone ဖြစ်နေလည်း အဆင်ပြေနေတော့ အိုကေမယ်ပဲ ထင်ခဲ့တာကိုး။ ခုတော့။

Official unlock မဟုတ်သည့် နည်းနဲ့တော့ unlock လုပ်လို့ ရ၏။ ဒါပေမယ့် error တွေတော့ များ၏။ ပြီး official unlock မဟုတ်သဖြင့် firmware update တော့ မရပေ။ လောလောဆယ် unlock လုပ်ဖို့ နည်းမရသေးပေမယ့် နောက်ပိုင်းတော့ ရလာမည် ထင်၏။ ဒီကြားထဲ china MIUI account လေး ဘာလေး ငှားလို့ ရရင်တော့ unlock လုပ်ဖြစ်မည်ထင်။

Sort:  

!LOLZ
!MEME

What did the full glass say to the empty glass?
You look drunk!

Credit: hollowknightgod
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ