Congratulations

in #hive-1221332 months ago

Euro 2024 ချန်ပီယံ၊ Copa America 2024 ချန်ပီယံတွေ အသီးသီး ထွက်ပေါ်လို့ လာပြီ ဖြစ်၏။ Euro ချန်ပီယံ Spain, Copa America ချန်ပီယံကတော့ Argentina ဖြစ်၏။ England တို့ကတော့ ဒုတိယနဲ့သာ ထပ်မံ ကျေနပ်ခဲ့ရ၏။ နှစ် နှစ်ဆက်တိုက် ဗိုလ်လုပွဲ ရောက်ခဲ့ပေမယ့် နှစ် နှစ်ဆက်တိုက် ဒုတိယနှင့်သာ ကျေနပ်ခဲ့ရ၏။ England အတွက် စိတ်မကောင်း ပေမယ့် Spain တို့ အနေဖြင့်လည်း ချန်ပီယံဆုနှင့် ထိုက်တန်ပါ၏။ အုပ်စုပွဲက စလို့ နောက်ဆုံး ဗိုလ်လုပွဲ အထိ ပြသခဲ့သည့် ခြေစွမ်းတွေကြောင့် ယခု ပြိုင်ပွဲမှာ Spain ကလွဲလို့ တခြားအသင်းကို ချန်ပီယံ ဟု လက်ညှိုး ထိုးပြ‌စရာ မရှိပေ။ ထိုမျှလောက်ကို Spain ၏ ခြေစွမ်းက ကျန် အသင်းတွေထက် သိသိသာသာကို ပို၊ ကျော်လွန်နေခဲ့၏။

ယခု ဗိုလ်လုပွဲမှာ Spain တို့က 47 မိနစ်မှာ ဦးဆောင်ဂိုး အရင်သွင်း၏။ England အတွက် ချေပဂိုးကို 73 မိနစ်မှာ Palmer က သွင်းယူပေးခဲ့၏။ Spain အတွက် အနိုင်ဂိုးကိုတော့ 86 မိနစ်မှာ Oyarzabal က သွင်းယူသွားခဲ့၏။

Spain အသင်း နှင့်အတူ ခြေစွမ်းပြခဲ့သည့် Lamine Yamal ကတော့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ရယူသွားနိုင်ခဲ့၏။ Yamal အဖို့ ယခု Euro ပြိုင်ပွဲက အသင်း အားဖြင့်ကော တဦးချင်း အားဖြင့်ကော အောင်မြင်မှုတွေ ရယူနိုင်ခဲ့သည်ဟု ပြောရပေလိမ့်မည်။ ဆုတံဆိပ်တွေ အပြင် စံချိန်တွေလည်း တင်နိုင်ခဲ့၏။ အသက်ငယ်ဆုံး ကစားသမား၊ အသက်ငယ်ဆုံး ဂိုးသွင်းယူသူ အစရှိသည့် စံချိန်တွေပါ သူ တင်နိုင်ခဲ့၏။ Barcelona လူငယ်လေးကတော့ ဆက်လက်ပြီး ထွန်းတောက်လာပေလိမ့်ဦးမည်။

Ronaldo & Messi ခေတ်အလွန်မှာလည်း ‌စောင့်ကြည့်စရာ ကစားသမားတွေတော့ ရှိပါသေးရဲ့။ သူတို့ခေတ်အလွန်မှာ ဘယ်သူတွေကများ သူတို့လောက် နီးနီး ဒါမှမဟုတ် သူတို့လို အောင်မြင်မှုတွေ၊ ခြေစွမ်းတွေ၊ ကျော်ကြားမှုတွေ ပြသ ရယူနိုင်မလဲကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။

ကမ္ဘာ့ဖလား ချန်ပီယံ Argentina ကတော့ Copa America ဖလား ချန်ပီယံပါ ဖြစ်သွားခဲ့လေပြီ။ 2021 မှာလည်း ချန်ပီယံ ဖြစ်ခဲ့သည်မို့ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီး နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်သွားသည်ဟု ဆိုရပေလိမ့်မည်။ Colombia လည်း ကောင်းခဲ့ပါ၏။ သို့ပေမယ့် ချန်ပီယံ ဖြစ်ဖို့တော့ ကံမပါလာခဲ့ပေ။ သာမန် ပွဲကစားချိန်ထိ ဂိုးမရှိ သရေကျနေသဖြင့် အချိန်ပို ထပ်မံကစားကြ၏။ အချိန်ပို 112 မိနစ်မှာတော့ လူးစားဝင် တိုက်စစ်မှူး Martinez က Argentina အတွက် ချန်ပီယံ ဖြစ်စေမယ့်ဂိုးကို သွင်းယူပေးခဲ့၏။

Goat ကြီး Messi အတွက်တော့ အချိုပေါ် သကားလောင်း လိုက်သလိုပင်။ 66 မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲ လိုက်၏။ Messi ငိုနေခဲ့သလို Argentina ပရိတ်သတ်တွေမှာလည်း ဝမ်းနည်း စိုးရိမ်စိတ်တွေနဲ့ရယ်။ ဒါပေမယ့် အဆုံးသတ်ကတော့ လှသွားခဲ့၏။ Messi ကြီး ပျော်ပြုံးရသလို သူ့ပရိတ်သတ်တွေလည်း ပျော်ရွှင်ကြရလေတော့၏။

(photos from Euro & Copa America Facebook pages)

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻