Glory Glory Man United

in #hive-12213317 days ago

နည်းပြသစ် Ruben Amorim မရောက်လာသေးခင်ထိ Ruud Van Nistelrooy က ယာယီ နည်းပြ အဖြစ် တာဝန်ယူထားဦးမည် ဖြစ်၏။ ကြားရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် မနက် 2 နာရီ 15 မိနစ်မှာ ကစားခဲ့သည့် Leicester City နှင့် EFL Carabao Cup ပွဲစဉ်က Ruud ၏ နည်းပြ ပထမဆုံး ပွဲဟု ပြောလို့ရ၏။ 5-2 ဂိုးဖြင့် အနိုင်ရပြီး United တို့ ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။ ကွာတားဖိုင်နယ်မှာ Tottenham Hotspur နဲ့ ရင်ဆိုင်ရမည် ဖြစ်၏။

Leicester City နဲ့ ပွဲမှာ မတွေ့ရတာ ကြာနေပြီ ဖြစ်သည့် United ကို ပြန်တွေ့ရ၏။ United ဆိုတာ ဒါမျိုးကွဟု အတိတ်ကို ပြန်လည် အမှတ်ရစေ၏။ ကျေးဇူးတင်ပါတယ် Ruud ရေ။ ပထမပိုင်းမှာတင် United တို့ 4 ဂိုးထိ သွင်းယူထားနိုင်ခဲ့၏။ ယခင်လို တဂိုးရပြီးသည်နှင့် ငြိမ်မသွားဘဲ တောက်လျောက် Attacking ပုံစံနဲ့ ပြိုင်ဘက်ကို ဖိအားပေး ကစားသွားခဲ့၏။ ပွဲစဉ်တခုလုံး Tempo မြှင့်ထားပြီး ကစားပြသွားခဲ့၏။

အနိုင်ရလို့ ပျော်ရပေမယ့် တဖက်မှာလည်း အပြည့် မပျော်နိုင်ပေ။ အသင်းက နည်းပြ အပြောင်းအလဲကြား ယာယီနည်းပြ လက်ထက်မှာ ဂိုးတွေသွင်းပြီး နိုင်ပွဲတွေ ယူဆောင်ပြတာ ယခုမှ မဟုတ် ယခင်ကတည်းကလည်း ထိုအတိုင်းပင်။ ခဏပြန်လာတာလား ဒါမှမဟုတ် တကယ်ပြန်လာတာလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။

လာမည့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည 11 နာရီမှာတော့ Chelsea အသင်းနဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ Ruud ၏ ဒုတိယမြောက် ပွဲစဉ် ဖြစ်ပေလိမ့်မည်။ နည်းပြသစ် Amorim မရောက်လာသေးခင်ထိ Ruud က United ကို ကိုင်တွယ်ထားပေလိမ့်ဦးမည် ဖြစ်၏။ Ruud တယောက် နောက်ထပ် နိုင်ပွဲတပွဲ ဖော်ဆောင်ပေးနိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။ သေချာတာ တခုကတော့ အဆိုပါ ပွဲမှာလည်း United DNA ကို ထပ်မံ မြင်တွေ့ရဦးမည် ဖြစ်ပေသည်။

Come on United