Group C & D

in #hive-1221333 months ago

ဒီနေ့ မနက် မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာတော့ Euro Group B ၏ အုပ်စု နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစား၏။ Albania vs Spain နှင့် Croatia vs Italy တို့၏ ပွဲစဉ်တွေ ဖြစ်၏။ ရလဒ်တွေ အနေဖြင့် Albania 0-1 Spain နှင့် Croatia 1-1 Italy ဆိုပြီး ထွက်ပေါ်ခဲ့၏။ Spain နှင့် Italy တို့ နောက်တဆင့် တက်လှမ်းလို့ သွားခဲ့၏။ Spain အသင်းက 3 ပွဲကစားပြီး 3 ပွဲနိုင်၊ 9 မှတ်ဖြင့် ရာနှုန်းပြည့် နိုင်ပွဲ နှင့်အတူ နောက်တဆင့်သို့ တက်လှမ်း သွားခဲ့ပြီး ဖြစ်၏။

Italy ကတော့ 4 မှတ်ဖြင့် အုပ်စု ဒုတိယပေါ့။ အုပ်စု နောက်ဆုံးပွဲမှာသာ Croatia တို့ Italy ကို အနိုင်ကစားနိုင်ခဲ့ရင် သူတို့ နောက်တဆင့် တက်မယ် ဖြစ်၏။ 55 မိနစ်မှာ Croatia တို့ ဦးဆောင်ဂိုး သွင်းခဲ့၏။ ထို တဂိုးထဲနှင့် ပြီးပြီဟု ထင်မှတ်ခဲ့၏။ မိနစ် 90 လည်း ပြည့်နေပြီကိုး။ 90+8 မိနစ်မှာမှ Italy တို့ ချေပဂိုး ပြန်လည်လို့ သွင်းယူ သွားခဲ့၏။ Croatia တို့ မျှော်လင့်ချက် မဲ့သွားခဲ့ပြီ။ မိနစ် 90 ထိ ရင်တမမ ဖြစ်နေသည့် Italy ပရိတ်သတ်တွေလည်း ပြန်လည်လို့ ပျော်ရွှင်ခွင့် ရသွားခဲ့၏။

3 ပွဲကစားပြီး 2 မှတ်သာ ရထားသည့် Croatia အဖို့ အကောင်းဆုံး တတိယ အသင်းစာရင်းမှာ ပါဖို့ မဖြစ်နိုင်တော့ပေ။ သူတို့သာ Albania အသင်းကို အနိုင်ကစားခဲ့ရင် အုပ်စု ဒုတိယ အနေဖြင့် မဟုတ်တောင် အကောင်းဆုံး တတိယ အသင်း အနေဖြင့် နောက်တဆင့် တက်မည် ဖြစ်၏။ ခုတော့ ...။

ဒီနေ့ည 10 နာရီခွဲနှင့် နက်ဖြန် မနက် 1 နာရီခွဲမှာ Group D နှင့် Group C တို့၏ အုပ်စု နောက်ဆုံး ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ 10 နာရီခွဲ Group D ပွဲစဉ်များ အဖြစ် France vs Poland နှင့် Netherlands vs Austria တို့ ကစားကြမည် ဖြစ်၏။ Poland အနေဖြင့် တမှတ်မှ မရသေးပေ။ Netherlands vs Austria ပွဲစဉ်ကိုတော့ ပိုပြီး အကြိုက်‌တွေ့မိ၏။ သရေကျမယ်ဆိုရင်တောင် နှစ်သင်းလုံး နောက်တဆင့် တက်မည် ဖြစ်၏။ Netherlands က ရှုံးသွားရင်တောင် ရပေမယ့် Austria အနေဖြင့်က အနိမ့်ဆုံး သရေ ရထားရင်တော့ ပိုကောင်း၏။

Group C ပွဲစဉ်များကိုတော့ မနက် 1 နာရီခွဲမှာ ကစားမည် ဖြစ်၏။ Denmark vs Serbia နှင့် England vs Slovenia တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ England က နောက်တဆင့် တက်သွားနိုင်ပေမယ့် ခြေစွမ်းအားဖြင့်တော့ အားမရနေပေ။ ပြီးခဲ့သော Euro 2020 မှာ ဒုတိယရခဲ့သည့် အသင်းထက်စာရင် လူစာရင်း ပိုမို တောင့်တင်း ကောင်းမွန်ပေမယ့် ကစားဟန် ကစားကွက်က မစွံနေပေ။ Denmark နှင့် ပွဲတုန်းကဆို Denmark ကနေ ပိုကောင်းနေသေး၏။ ဒီ အုပ်စုမှာတော့ England နှင့် Denmark တို့ နောက်တဆင့် တက်သွားမယ် ထင်မိ၏။

Copa America ဖက်မှာတော့ Group D ပွဲစဉ်များ ကစား၏။ Colombia က Paraguay ကို 2-1 ဖြင့် အနိုင်ရခဲ့ပေမယ့် Brazil ကတော့ Costa Rica ကို ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျသွားခဲ့၏။ နက်ဖြန် မြန်မာစံတော်ချိန် မနက် 4 နာရီခွဲနှင့် 7 နာရီခွဲမှာ Group A ၏ အုပ်စု ဒုတိယပွဲစဉ်များ ကစားကြမည် ဖြစ်၏။ Peru vs Canada နှင့် Chile vs Argentina တို့ ကစားကြမည် ဖြစ်၏။

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Keep up the good work. 👏

Recognized by Mystic artist Gudasol

You are loved.

Interested to to help music map cXc.world spread more good vibes on Hive?.