Group E & F

in #hive-1221333 months ago

Group C & D တို့၏ အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ Group C အုပ်စု နောက်ဆုံး ပွဲစဉ်များကတော့ ထူးခြားသည်ဟု ဆိုရပေလိမ့်မည်။ နှစ်ပွဲလုံး ဂိုး မရှိသရေကျခဲ့၏။ 3 ပွဲကစားပြီး England က 5 မှတ်၊ Denmark နှင့် Slovenia တို့က 3 မှတ်စီ ရရှိထားကြ၏။ FotMob မှာတော့ Denmark နောက်တဆင့်တက်သည်ဟု ပြထား၏။ နှစ်သင်းလုံးက အမှတ်လည်းတူ၊ ဂိုးကွာခြားချက်လည်း တူနေကြသည်ကိုး။ Slovenia အနေဖြင့်လည်း အကောင်းဆုံး တတိယအသင်း အဖြစ် မျှော်လင့်ချက် ရှိနေပါသေး၏။

Group က 6 ခု၊ အကောင်းဆုံး တတိယက 4 သင်း ဆိုတော့ လက်ရှိ အုပ်စု 4 ခု၏ အုပ်စုပွဲတွေ အကုန် ကစားပြီးသည့် အနေအထားရ Slovenia က Hungary နှင့် Croatia တို့ အထက်မှာ ရှိနေခဲ့၏။ Hungary နှင့်က အမှတ်တူ အနေအထားပေမယ့် ဂိုးကွာခြားချက်မှာ Slovenia က ပိုသာနေသည်မို့ အကောင်းဆုံး တတိယ 4 သင်းစာရင်းထဲ သူတို့ ပါသွားခဲ့ပြီ ဖြစ်၏။ Hungary အနေဖြင့် နောက်တဆင့် တက်ခွင့် ရ၊ မရကို Group E & F တို့၏ အုပ်စုပွဲစဉ်များ ကစားပြီးချိန်ထိ စောင့်ရပေလိမ့်ဦးမည်။

England က အုပ်စု ပထမ နေရာဆိုပေမယ့်လည်း ခြေစွမ်းကတော့ အားရစရာ မရှိနေပေ။ နည်းပြ ဆောက်ဂိတ်က ဘာဖြစ်ချင်နေမှန်းကို မသိပေ။ လူကောင်းတွေ ရှိပေမယ့် နည်းစနစ်မကောင်းရင် ဘာမှ မထူးပေ။ ကျနော် သိခဲ့ အားပေးခဲ့သည့် England နည်းပြတွေထဲမှာ မကြိုက်ဆုံး နည်းပြက ဆောက်ဂိတ်ပင်။ ပြီးခဲ့သော Euro 2020 မှာ Final ထိ တက်လှမ်းနိုင်ခဲ့လို့ FA က ဆက်လက် ခန့်အပ်ထားလေသည်လားတော့ မသိပေ။ ဘယ်အဆင့်ထိ ရောက်မလဲကတော့ စောင့်ကြည့်ရုံသာ။

မထင်မှတ်ဘဲ ကြည့်ကောင်းသွားတာက Group D ပွဲစဉ်များ ဖြစ်၏။ France နှင့် Poland က တဂိုးစီ သရေကျပြီး Austria က Netherlands ကို 2-3 ဖြင့် အနိုင်ရသွားခဲ့၏။ Austria က နှစ်ပွဲနိုင် 6 မှတ်ဖြင့် အုပ်စု ပထမနေရာကို ရသွားခဲ့၏။ France က 5 မှတ်ဖြင့် ဒုတိယ၊ Netherlands က 4 မှတ်ဖြင့် တတိယနေရာမှာ ရပ်တည်နေ၏။ Netherlands ကတော့ အကောင်းဆုံး တတိယအသင်း အနေဖြင့် နောက်တဆင့်သို့ တက်လှမ်းခွင့် ရသွားခဲ့၏။

ဒီနေ့ညနှင့် နက်ဖြန် မနက်မှာတော့ Group E & F တို့၏ အုပ်စု နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Group F ထက်စာရင် Group E က ပိုပြီး ကြည့်ကောင်းပေလိမ့်မည်။ အားလုံးက 3 မှတ် ကိုယ်စီ ရထားကြသည် မဟုတ်လား။ 4 သင်းလုံး အတွက် တကယ့်ကို အဆုံးအဖြတ် ပွဲစဉ်တွေ ဖြစ်ပေလိမ့်မည်။ Group F မှာတော့ Czechia vs Turkiye ပွဲစဉ်က ကြည့်လို့ကောင်းမည့် ပွဲစဉ် ဖြစ်လာ ပေလိမ့်မည်။ Portugal ကတော့ နောက်တဆင့် တက်သွားခဲ့ပြီးပြီမို့ အားစိုက်ပြီး သိပ်ကန်မယ် မထင်ပေ။

Copa America ဖက်မှာတော့ အုပ်စု ဒုတိယပွဲစဉ်များ ဆက်လက်ကစားကြ၏။ Group A ပွဲစဉ်များ ဖြစ်၏။ Canada က Peru ကို 0-1 ဖြင့် လည်းကောင်း၊ Argentina က Chile ကို 0-1 ဖြင့်လည်း ကောင်း အသီးသီး အနိုင်ရသွားခဲ့ကြ၏။ Argentina ကတော့ 2 ပွဲကစား 2 ပွဲနိုင်ဖြင့် အုပ်စု ပွဲစဉ် မကုန်ခင်မှာ နောက်တဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။

(photos from Euro 2024)

Sort:  

Keep up the good work. 👏

Recognized by Mystic artist Gudasol

You are loved.

Interested to to help music map cXc.world spread more good vibes on Hive?.

Congratulations @donjaun! You received a personal badge!

Happy Hive Birthday! You are on the Hive blockchain for 7 years!

You can view your badges on your board and compare yourself to others in the Ranking

Check out our last posts:

Hive Power Up Day - July 1st 2024