Is Manchester Finished?

in #hive-12213320 days ago

Manchester ညီနောင်ကတော့ အခြေအနေတွေ ဆိုးပြီးရင်း ဆိုးလို့ နေတော့၏။ နည်းပြ ပြောင်းထားသည့် United ကနေပဲ စပြောလိုက်ရအောင်။ Amorim က နည်းပြကောင်း တယောက် ဆိုတာ သံသယ ဖြစ်ဖွယ် မရှိပေ။ အမှန်တော့ Amorim မှ မဟုတ် ရှေ့က နည်းပြတွေလည်း နည်းပြ ကောင်းတွေ ချည်းပင်။ နို့ပေမယ့် ကံပဲ မစပ်ကြလို့လားရယ် မသိ၊ နှစ်ရှည် နည်းပြသွားရတာမျိုး မရှိခဲ့ပေ။ ကြားထဲ ကြိုကြားကြိုကြားလေး ဖလား တလုံးစ နှစ်လုံးစ ရခဲ့တာတွေ ရှိပေမယ့် ခုချိန်ထိတော့ EPL ဖလားကို ကိုင်မြှောက်နိုင်ခဲ့ခြင်း မရှိပေ။

Amorim ရှေ့က Ten Hag လက်ထက်မှာ ဖလား ၂ လုံး ရခဲ့ဖူး၏။ ၂ နှစ် အတွင်း ၁ နှစ်ကို ၁ လုံးပေါ့။ EFL နဲ့ FA ဖလား ဖြစ်၏။ ဖလားရလို့သာ ရတာ၊ ကစားပုံ ကစားကွက် ကစားဟန်က လုံးဝကို အဆင်မပြေပေ။ နိုင်မယ်ထင်ရင် ရှုံး၊ ရှုံးမယ်ထင်တော့ နိုင်နဲ့ ခြေစွမ်း အတော်လေး မတည်မငြိမ် ဖြစ်ခဲ့၏။ United ဆိုတာ ဒါမျိုးကွ ဆိုပြီး အသစ်အသစ်တွေ ထုတ်ဖော်ပြနိုင်ခြင်း မရှိသည့်အပြင် နဂို မူလ United DNA ပါ ပျောက်ဆုံး သွားသည် အထိပင်။ အသင်းက ယိုယွင်းနေခဲ့တာ ကြာပြီ။

ထိုအချက်ကို Amorim တယောက် သတိထားမိ၏။ Amorim က လုပ်ရဲ ကိုင်ရဲ ရှိ၏။ United ကစားနေကြ ပုံစံ မဟုတ်သည့် နောက်တန်းခံစစ် ၃ယောက်တန်းနဲ့ သူ အခြေတည်ပြီး ကစားလေ့ ရှိ၏။ ထိုကစားကွက်နဲ့ အံဝင်သူ ရှိသလို၊ မဝင်သူလည်း ရှိ၏။ လောလောဆယ် အနေအထားမှာ ဘယ်သူတွေကို ရောင်းပြီး ဘယ်သူတွေကို ဝယ်မည်ကတော့ မသိရသေးပေ။ သေချာတာကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ United တို့ တခုခု လုပ်မှကို ဖြစ်ပေလိမ့်မည်။ ကစားသမား တဝက်လောက် ထွက်၊ ထုတ်ရောင်း သွားဖို့ ရှိ၏။

ကစားကွက် အံဝင်တာ မဝင်တာထက် ကစားချင်သလို မကစားချင်သလို ကစားနေကြသည့် ကစားသမားတွေက အခြေအနေတွေကို ပိုပြီး ဆိုးစေခြင်း ဖြစ်၏။ Amorim ကတော့ ရှင်း၏။ သူ့ ကစားကွက်၊ သူ့ စည်းမျဉ်းတွေ မလိုက်နာသူကို ပေးကစားမည် မဟုတ်ပေ။ Garnacho နဲ့ Rashford တို့ကိုပဲ ကြည့်။ Training မှာ သတ်မှတ်ထားသည့် စွမ်းဆောင်ရည်၊ စံချိန် စံညွှန်း မကိုက်လို့ဆိုပြီး Man City အသင်းနဲ့ ကစားမည့် အရေးကြီး ပွဲစဉ်မှာတောင် line up ချန်ထားခဲ့၏။ Garnacho ကတော့ line up ပြန်ရနေပါပြီ။ ကောင်လေးက စိတ်ကောက်နေသေးသည် ဆို၏။ Rashford ကတော့ ခုထိ line up ပြန်မရသေးပေ။ ပြီး ရောင်းထုတ်ခံရဖို့လည်း အတော်လေး သတင်း ထွက်နေခဲ့၏။

Rashford က United academy ထွက် ဖြစ်၏။ နှစ်တခုစာလောက် ခြေစွမ်းပြခဲ့ပေမယ့် ခုတော့ ထိုသို့ မဟုတ်တော့ပေ။ ကစားပုံ တိုးတက်မှု မရှိလာသည့်အပြင် လျော့တောင် လျော့လို့သွားခဲ့၏။ ကြိုးစား အားထုတ်မှုကား သူ့ထံမှာ လုံးဝကို ရှာမတွေ့တော့ပေ။ United academy ထွက်မှ ဟုတ်ပါလေစဟု ထင်မှတ်ရ၏။ Rashford အပြင် အသင်းကနေ ထုတ်ရောင်း ပစ်ရမည့် ကစားသမား တော်တော်များများ ကျန်နေသေး၏။ ကျနော့် အလိုအရဆို အသင်းရဲ့ တဝက်မဟုတ် အသင်းရဲ့ ၃ ပုံ ၂ ပုံ ထိကို ထုတ်ရောင်း ပစ်ချင်၏။ လူဝယ်မရရင် U21 က ကလေးတွေကို သုံးပစ်မည်။

လက်ရှိ ကစားသမားတွေထံကနေ United DNA ကို မတွေ့၊ မခံစားမိပေ။ ရွှေထီးဆောင်းချိန်တုန်းက ကစားသမားတွေတိုင်းမှာ United DNA အပြည့်၊ အောင်မြင်နေလို့ United DNA ရှိလာတာ မဟုတ်ဘဲ United DNA ရှိနေလို့ကို အသင်း အောင်မြင်တာဟု ပြောရပေလိမ့်မည်။

နောက်ရက်မှ မြို့ခံ ပြိုင်ဘက် City အကြောင်းလေး ဝေဖန် လေကန်ပါဦးမည်။

(photos from Baler report football & Manchester United pages)

Sort:  

PIZZA!

$PIZZA slices delivered:
@hiq.smartbot(4/5) tipped @donjaun

မန်ယူက ဘယ်တော့နိုင်မှာလဲဟင်
!LOL
!MEME

They’re selling pre-sliced fruit at Whole Foods
Hey, that's false advertising!

Credit: reddit
@donjaun, I sent you an $LOLZ on behalf of kaunglay2

(1/4)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

မသိတော့ပါဘူး။
😅

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻