ဒီနေ့ Super Sunday မှာတော့ Chelsea vs Arsenal တို့၏ Big Match ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ မြန်မာစံတော်ချိန် ည 11 နာရီမှာ ကစားသွားမည် ဖြစ်၏။ အသည်းကျော် Man United ကတော့ ည 8 နာရီခွဲမှာ Leicester City နဲ့ အိမ်ကွင်းမှာ ကစားသွားဖို့ ရှိနေပါတယ်။ ဒီပွဲဟာ ယာယီ နည်းပြ Ruud ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ နည်းပြသစ် Amorim ရောက်လာပါက အသင်းမှာ ဆက်နေမလား ထွက်ခွာသွားမှာလားကတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။ United fan တယောက်အနေနဲ့ Ruud ကို ဆက်ရှိ စေချင်ပါတယ်။
Ruud ရဲ့ United ယာယီ နည်းပြ ဘဝမှာ ပထမဆုံးတွေ့ခဲ့တာက Leicester City ဖြစ်သလို နောက်ဆုံး တွေ့ဆံုရသည့် အသင်းကလည်း Leicester City ဖြစ်နေတာကတော့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ Good Luck ပါ Ruud ရေ။
ဒီနေ့ မနက် အစောမှာ ကစားသွားခဲ့တဲ့ Brighton vs Man City တို့ ပွဲစဉ်မှာ Brighton က 2-1 ဂိုးဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ယခုပွဲ ရှုံးနိမ့်မှုကြောင့် အဆင့် 1 နေရာက Liverpool နဲ့ 5 မှတ်ထိ ကွာသွားခဲ့ရပါပြီ။ City တို့ အဖို့ EFL cup Tottenham နဲ့ ပွဲစဉ်မှာ စတင်ရှုံးခဲ့ရာကနေ 4 ပွဲဆက်တိုင် ရှုံးနိမ့်ထားပြီး ဖြစ်ပါတယ်။ City တို့ ဘာများ ဖြစ်။ တဖက်မှာတော့ City ရဲ့ အရှုံးကို အခွင့်အရေးယူပြီး Liverpool က Aston Villa ကို 2-0 ဖြင့် အနိုင်ကစားသွားခဲ့ပါတယ်။ နည်းပြ ပြောင်းသွားပေမယ့် Liverpool က သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။
Chelsea vs Arsenal ပွဲစဉ်ကတော့ တကယ် မိုက်မဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ အမှတ်ပေး ဇယားမှာ အမှတ်တူ၊ ဂိုးကွာခြားချက်နဲ့ အထက်အောက် ရပ်တည်နေပါတယ်။ အဆင့် 5 နဲ့ 6 ပေါ့။ အနိုင်ရသည့် အသင်းက အဆင့် 3 သို့မဟုတ် အဆင့် 4 နေရာထိ တက်လှမ်းနိုင်မှာမို့ တကယ် ကြည့်ကောင်းမယ့် ပွဲစဉ်ပါပဲ။ United ပွဲပြီးတာနဲ့ အဲ့ပွဲကို ဆက်ကြည့်ရုံပါပဲ။ အားလုံးပဲ Super Sunday ပါ။