Manchester Derby

in #hive-12213321 days ago


(photo from မန်ယူနိုင်တိုင်း ထောက်ပို့မယ်)

ဒီတခေါက် Manchester Derby က အတော်လေး စိတ်ဝင်စားဖို့ ကောင်း၏။ City အနေနဲ့ Guardiola လက်ထက်မှာ မကြုံစဖူးသည့် ရလဒ်တွေနဲ့ ကြုံနေရ၏။ EFL မှာ Tottenham ကို 2-1 ဖြင့် ရှုံးပြီးကတည်းက သူတို့ စပြီး ကံဆိုးသည်ဟု ပြောလို့ရ၏။ Tottenham နဲ့ ပွဲကစလို့ နောက်ဆုံး 10 ပွဲမှာ 1 ပွဲသာ အနိုင်ရထား၏။ 2 ပွဲသရေကျပြီး 7 ပွဲ ရှုံးနိမ့်ထားခဲ့ရ၏။ ကြားရက် ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း Juventus ကို အဝေးကွင်းမှာ 2-0 ဖြင့် အရှုံးပေးခဲ့ရ၏။

United နည်းပြ Amorim နဲ့ Guardiola တို့ ပူပူနွေးနွေး တွေ့ဆုံထားတာလေး ရှိ၏။ Amorim တယောက် United ကို မပြောင်း လာခင် သူ့အသင်း Sporting CP နဲ့ City တို့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဆုံဖူး၏။ ထိုပွဲမှာ Amorim က 4-1 ဖြင့် အနိုင်ရထားဖူး၏။ ခု EPL တွေ့ဆုံမှုမှာကော ဘယ်လို ဖြစ်လာမလဲပေါ့။ ခုက Amorim တည်ဆောက်ထားပြီး အနေအထား တခု ရှိနေသည့် Sporting CP မဟုတ်၊ အဘက်ဘက်က ယိုယွင်းနေသည့် United ဖြစ်၏။ United အသင်း အနေနဲ့ ပြန်လည် တည်ဆောက်ရမည့် အပိုင်းတွေ အများကြီး ရှိနေသေး၏။ သို့တိုင်အောင် Amorim က Guardiola ကို အခက်တွေ့အောင် လုပ်နိုင်မှာ အသေအချာပင်။

Guardiola အတွက်လည်း ယခု ပွဲစဉ်က အရေးကြီး၏။ သူလည်း သူ့သူတော့ အံ့ဩနေမည် ထင်ပါရဲ့။ သူ့ နည်းပြ သမိုင်း တလျောက် ယခု ရလဒ်၊ အခြေအနေက အတော်ဆိုးသည်ဟု ဆိုရမည်။ ဘယ်လိုပဲ အောင်မြင်မှုတွေ ရယူပေးခဲ့ပါစေ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေမယ် ဆိုရင်တော့ သူ့ရာထူး နေရာအတွက် စိုးရိမ်စရာပင်။ တခြား မပြောနဲ့ United နည်းပြဟောင်း Ten Hag ထုတ်ပယ် ခံခဲ့ရတာကိုပဲ ကြည့်တော့။ FA ဖလား ယူထားပေးသည့် နည်းပြ ဖြစ်နေပါစေ ရလဒ်တွေဆိုးတော့ ထုတ်ပယ်ခံရလေ၏။

City ၏ လက်ရှိ လူစာရင်းနဲ့ ခုလို ရလဒ်ဆိုးတွေ တောက်လျောက် ကြုံနေရတာကို အံ့ဩနေမိ၏။ De Bruyne မကစားရချိန် အသင်း အနေနဲ့ အားနည်းလေ့ ရှိတာ မှန်ပေမယ့် ခု De Bruyne ကစားရချိန်မှာလည်း ရလဒ်က ထင်သလောက် မကောင်းနေပြန်ပေ။ ကြံဖန်ပြောရရင်တော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုရ Rodri ဒဏ်ရာကြောင့် မကစားနိုင်နေတာကိုပဲ ယိုးမယ်ဖွဲ့ရမည်ထင်။

ရလဒ်တွေဆိုးနေလို့ ထုတ်ပယ်ခံရတော့မယ်ဆိုပြီး ပြိုင်ဘက်အသင်း ပရိတ်သတ်တွေ လှောင်ပြောင်ကြတော့ လက်ချောင်း 6 ချောင်း ထောင်ပြပြီး ငါ EPL ‌ဖလား 6 ကြိမ်ရဖူးတယ်ဆိုပြီး အတိတ်ကို လှန်လေ၏။ တိုက်ဆိုင်စွာပင် အသင်းက 6 ပွဲဆက် ရှုံးထားချိန်ဆိုတော့ အများက EPL ချန်ပီယံ 6 ကြိမ် ဖြစ်ဖူးတယ်ဟု မမှတ်ယူမိကြဘဲ ငါ 6 ပွဲရှုံးထားပြီဆိုပြီး ယူဆသွားကြသူများလည်း ရှိလေ၏။

Guardiola တယောက် အဆိုးနွံထဲက ရုန်းထွက် နိုင်မလား ဒါမှမဟုတ် ရုန်းလေ နစ်လေ ဖြစ်သွားမလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။

Sort:  

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - December 15, 2024