ဒီနေ့ phone တလုံး ထပ်ချိန်းရပြန်၏။ phone service လုပ်သည့် သူငယ်ချင်းက နောက်တလုံးနဲ့ ထပ်ချိန်းပေးခြင်း ဖြစ်၏။ သူ ပေးထားသည့် ယခင် phone က phone ပြောရင် speaker ဖွင့်ပြီး ပြောမှရ၏။ ပြီး touch က တချက်တချက် ကြောင်၏။ သူ မှန် လဲတုန်းက တခုခုနဲ့ ငြိသွားခြင်း ဖြစ်၏။ အဆိုပါ phone ကို တခါတလေ ရုပ်ရှင် ကြည့်ဖို့ အတွက်လောက်ပဲ သူက သုံးလေ့ ရှိ၏။ ကျနော် phone ပြုတ်ကျသွားသည့် နေ့က သူ့နားလည်း အဆိုပါ phone တလုံးပဲ ရှိနေသဖြင့် အရေးပေါ် သုံးရအောင် ဆိုပြီး ပေးလိုက်ခြင်း ဖြစ်၏။
ဒီကြားထဲလည်း Iphone သုံးထားမလားဟု သူက မေးပါသေး၏။ ကျနော်ကကို မသုံးဟု ပြောထားလို့သာ။ ခုတောင် အားနာ လှပြီ။ အဆင်မပြေဘူး ဆိုပေမယ့် အဆက်အသွယ် မပြတ်တာကိုပဲ ကျေးဇူးတင်ရသည် မလား။ phone ပြောရင် speaker ဖွင့်ပြောရတာရယ်၊ စာရိုက်ရင် touch လွတ်တော့ ကိုယ်ရိုက်တာနဲ့ ပေါ်လာတာနဲ့က လွဲလိုလွဲ။ Facebook သုံးနေရင်း အထက်အောက် ပွတ်ဆွဲချိန် သူ့သူ screenshot တွေ ဘာတွေ ရိုက်လို ရိုက်နဲ့ တော်တော်တော့ အဆင်မပြေပေ။
(photo from GSMARENA)
ဒါကို သူငယ်ချင်းကလည်း သိ၏။ သို့နှင့် မနေ့က သူ့နား လာရောင်းသည့် phone တလုံးကို ကျနော် ခဏ သုံးထားရအောင် ဆိုပြီး ဒီနေ့ လှမ်းခေါ် ပေးလေ၏။ Redmi note 13 5 G ဖြစ်၏။ ကျနော် လိုချင်သည့် phone မရသေးခင်ထိ ယခု phone ကို အေးဆေး သုံးထားနိုင်ကြောင်းကိုလည်း သူက ထပ်လောင်းလို့ မှာလေ၏။
ငွေဈေးကျတော့ phone ဈေးတွေက ကြောက်ဖို့ ကောင်းလောက်အောင် ထိုးတက်သွား၏။ ထွက်စက သက်သာ ပေမယ့် နောက်ပိုင်းမှာ ဈေးက ပိုလို့ များသွားခဲ့၏။ တကယ်ဆို ကြာရင် ဈေးကျရမှာ ဖြစ်ပေမယ့် ခုက ကြာလေ ဈေးတက်လေ ဖြစ်နေခဲ့တော့၏။ ဘဘကြီး ကျေးဇူးတွေပေါ့။
ကျနော် ကိုင်ဖို့ ရည်ရွယ်ထားသည့် phone က Redmi note 13 pro သို့မဟုတ် Redmi note 12 turbo ဖြစ်။ အသစ်ဈေးတွေက ဆယ်သိန်းနား ကပ်နေတော့ second hand လေး လိုက်ရှာနေရ၏။ ပိုက်ဆံ ပေါနေရင်တောင် phone အတွက် ဆယ်သိန်း မသုံးချင်တာလည်း ပါ၏။ ပြီး ခုက ပိုက်ဆံလည်း မပေါနေဘူးကိုး။ လိုချင်သည့် phone လေး မရ မချင်းတော့ သူငယ်ချင်းရဲ့ phone ကိုပဲ အားနာနာနဲ့ ဆက်သုံးနေရ ပေလိမ့်ဦးမည်။