ပျော် တရက်၊ မပျော် တရက်ဆိုတာ United fan တွေကို ဆိုလိုတာ ဖြစ်မည်။ ပြီးခဲ့သော Sunday က Man City ကို အနိုင်ယူပြီး ရခဲ့သည့် အပျော်က ဒီနေ့ မနက်မှာ ရပ်တန့် သွားခဲ့လေ၏။ EFL Cup ကွာတားဖိုင်နယ် အဆင့်မှာ United တို့ Tottenham ကို ရှုံးပြီး ထွက်ခွာခဲ့ရ၏။ အပျော်တွေ ကြာကြာ မခံခဲ့ပေ။
အဆိုပါ ပွဲကိုက ကြည့်ဦးမို့ရယ်။ ဒါပေမယ့် မနက် ၂ နာရီခွဲဆိုတော့ မကြည့် ဖြစ်တော့ပေ။ ထကြည့် ရအောင် ကလည်း မဟုတ် နေပေ။ မဟုတ်ဆို ကျနော်က ထကြည့်တာမှ မဟုတ်ဘဲကိုး၊ အဲ့အချိန်လောက်မှ အိပ်ဖြစ်၊ အိပ်ပျော်တာကိုး။ မကြည့်နိုင် မကြည့် ဖြစ်ပေမယ့် စိတ်ထဲမှာကော အသည်းထဲမှာကော United ကို အားပေးနေပြီးသားပါလေ။
ပွဲက အကြိတ်အနယ်တော့ ရှိပေလိမ့်မည်။ ဘာလို့ဆို မနက် ထတော့ Result ကြည့်တော့ 4-3 ဆိုတော့လေ။ မည်သို့ပင် ဆိုစေကာမူ ကစားပုံ ကစားကွက်ကတော့ ကောင်းမှာ အမှန်ပင်။ Reply ပြန်ကြည့်ဖို့ ကြပြန်တော့လည်း မလွယ်တော့ Highlight လေး လောက်သာ ကြည့်လိုက်ပါဦးမည်။ EFL ကနေ ထွက်ရ ပေမယ့် FA ကျန်နေသေးတော့ မဆိုးပါဘူးလေ။ ဘာတွေ ဘယ်လို ဖြစ်ဖြစ် Forever United ပါပဲ။
ဒီနေ့ Sunday တော့ အိမ်ကွင်းမှာ Bournemouth နဲ့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်။ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ဖြစ်ပါတယ်။ Bournemouth က 25 မှတ်နဲ့ အဆင့် 8 နေရာမှာ ရပ်တည်နေပါတယ်။ United က 22 မှတ်နဲ့ အဆင့် 13 ပါ။ ဒီပွဲသာကိုသာ United တို့ နိုင်ခဲ့ရင် လက်ရှိအဆင့်ထက်တော့ ပိုပြီး တက်လှမ်းနိုင်ပါလိမ့်မယ်။ နိုင်ခဲ့ရင်ထက် နိုင်ဖို့ လိုကို လိုတာပါ။
စနေနေ့မှာ ကစားသွားတဲ့ Aston Villa vs Man City တို့ရဲ့ ပွဲစဉ်မှာတော့ Aston Villa က 2-1 ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ City ဘာတွေ ဖြစ်နေတာလဲ ဆိုတာကိုတော့ မပြောတတ်တော့ပါဘူး။ Derby ပြိုင်ဘက်တွေ ဆိုပေမယ့် City တို့ ခုလို အခြေအနေမျိုး ဖြစ်နေတာကိုတော့ စိတ်မကောင်းပါဘူး။ Guardiola ရဲ့ အချိန်တွေ ကုန်ဆုံးခဲ့ပြီ ထင်ပါရဲ့။ City အတွက် သူ လုပ်ပေးခဲ့တဲ့ အရာတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။ Sir Alex က United အတွက် ဂန္တဝင် ဆိုရင် Guardiola ကလည်း City အတွက် ဂန္တဝင် နည်းပြလို့ ဆိုရမှာပါ။
ထုတ်ပယ် ခံရတယ် ဆိုတာမျိုးထက် ပိုမိုကောင်းမွန်တဲ့ လမ်းခွဲလေး ဖြစ်စေချင်တာပါ။ အရင်က စွမ်းဆောင်ပေးထားတာတွေကြောင့် ခုထိ နေရာမြဲနေသေးတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တခြား နည်းပြသာ ဆိုရင် ထုတ်ပယ်ခံနေရလောက်ပါပြီ။ ကျနော့် အထင်တော့ Guardiola တယောက် ခဏတဖြုတ် အနားယူဖို့ လိုနေပြီ ထင်ပါရဲ့။