ဒီရက်ပိုင်း အတွေးတွေ များနေခဲ့၏။ အတွေးများသည့် အပြင် အတွေးတွေပါ ရှုပ်နေသည်ဟု ပြောလို့ရ၏။ ဘာလုပ် နေပါတယ်ဆိုပြီး လက်ဆုပ်လက်ကိုင် ချပြစရာ အလုပ် မရှိနေခဲ့တာ နှစ်အတော် ကြာခဲ့ပြီ။ ဒီကာလကြီး ဒီကာလကြီးနဲ့ လွှဲလွှဲချနေခဲ့၏။ လူလည်း ပိုပို လေးလံလို့ ပျင်းရိလို့လာခဲ့ပြီ။ အဓိကကတော့ စိတ်ပေါ့၊ စိတ်က မဆောင်နိုင်တော့ ကိုယ်ပါ မပါ၊ မလိုက် နိုင်တော့ပေ။ တခုခုတော့ ပြန်လုပ်မှ ရတော့မည်။
ခုလို Hive မှာ blog လေး ဘာညာ ရေးနေရင်း ရပ်တည်လို့ကော မရဘူးလား ဆိုရင်၊ ရအောင် လုပ်လို့တော့ ရပါ၏။ တရက် 5$ လောက်ရရင်ကို အတော်လေး အဆင်ပြေသည်ဟု ပြောလို့ရ၏။ ထိုသို့ရအောင်ဆိုရင် မြန်မာလိုပဲ ရေးနေလို့တော့ မဖြစ်ပေ။ English လို ဝေဝေဆာဆာလေး ရေးနိုင်ဖို့ လိုမည်။ ဝေဝေဆာဆာ မရေးနိုင်ရင်လည်း creation ကောင်းကောင်းလေး ရှိရင်လည်း ရ၏။ ဒါလေးကို သင့်တော်သည့် ပုံ၊စာ များနဲ့ တွဲလိုက်ပါက အတော်လေး ဟုတ်သွားပေမည်။
Hive မှာ ဖြတ်သန်းခဲ့ရသည့် နှစ်ကြာလာတော့ ဘယ်လို ရေးရင်၊ ဘယ်လို တင်ပြရင် vote ကောင်းကောင်း ရနိုင်သည်ကို သိရှိသင့်သလောက်တော့ သိလာခဲ့ပြီ။ ကျနော်တို့ မြန်မာ Community သာ လူများများ၊ power များများ ရှိနေပါက English လိုတွေ၊ voter တွေ၊ supporter တွေ ရေးတင်နေဖို့ လိုမည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာနိုင်ဖို့က အချိန်ယူ၊ အချိန်ပေးကာ ကြိုးစားရပေလိမ့်မည်။ မှန်မှန်လေး ရေးနေဖို့လည်း လို၏။ ဒီအတိုင်းပဲ ရေးနေရင်တော့ ဒီ vote လောက်သာ ရနေပေလိမ့်မည်။ ဖောက်ထွက်ပြီး တွေးဖို့လိုလာပြီ။
ဒီအတိုင်းပဲ ရေးနိုင်၊ ရေးတတ်တယ် ဆိုရင် vote support project တွေလိုက် join ထား၊ ဒါကလည်း ပြောသလောက် မလွယ်ပေ ကိုယ်တွေက မြန်မာလိုချည်း ရေးနေတာကိုး။ အကောင်းဆုံးကတော့ ရေးပုံ၊ ရေးနည်း ပြောင်းခြင်းပင်။ မကြာခဏ English လို ရေးပြီး Community တွေမှာ လိုက်တင်ကြည့်သင့်၏။ ပြီး voting များများရလေ့ ရှိသည့် Hive base Game content တွေ ရေးတင်တာမျိုး ဖြစ်ဖြစ် လုပ်ဖို့လိုမည်။ Vote ကောင်းကောင်း များများ ရဖို့ လုပ်သင့် လုပ်ထိုက်တာ လုပ်ကို လုပ်ရပေလိမ့်မည်။ ဒါမှ power များများ မြန်မြန် စုနိုင်ပေလိမ့်မည်။
Power များခြင်းက မိမိ အတွက်ကော၊ မိမိ Community အတွက်ကော အကျိုးထူး၊ အကျိုးများစေသည် မဟုတ်လား။ အပျင်းထူနေတာကို လျော့ရမည်။ ရေးပုံ ရေးဟန် ပြောင်းသင့်က ပြောင်းရပေလိမ့်မည်။ ထိုသို့ မဟုတ်ရင်တော့ တရက်ကို 1$ တောင် မရသည့် အခြေအနေမျိုးတွေနဲ့သာ ကြုံတွေ့နေရပေလိမ့်မည်။