United's DNA

in #hive-12213310 days ago

တနင်္ဂနွေနေ့က ပွဲစဉ်မှာ United တို့ Aston Villa နှင့် သရေကျခဲ့၏။ United ရှုံးဖို့ မျှော်လင့်နေသည့် Man United fan များ၊ United နိုင်ဖို့ မျှော်လင့်နေသည့် ကျန် 19 သင်း fan များ ဘယ်သူ့ ဘယ်သူမှ ဘာမှ ထပ် မထူးခြားဘဲ ဒီအတိုင်း ပြီးသွားခဲ့၏။ Ten Hag ကို ထုတ်ရေး၊ မထုတ်ရေးကတော့ ခုထိ အဖြေ မထွက်သေးပေ။ United ၏ အကြီးပိုင်း ဘုတ်အဖွဲ့ထဲမှာပင် Ten Hag နဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေသည် ဆို၏။ ဆက်ထားမယ့်သူနဲ့ မထားဘူး ထုတ်မယ် ဆိုသူတွေပေါ့။ သူတို့ဟာ သူတို့ အရင် ညှိမရကြသေးဘူး ထင်ပါရဲ့။

Ten Hag ကိုက ထုတ်မယ်ဆိုရင် ဒီအတိုင်း မင်းထွက်တော့ကွာ ဆိုပြီး လုပ်မရပေ။ လျော်ကြေးပေးပြီးမှ ထုတ်လို့ရမည် ဖြစ်၏။ ပိုက်ဆံပေါနေတာပဲ လုပ်ပစ်ကွာ ဆိုပြီး United fan တွေကတော့ မျှော်လင့်နေကြ၏။ အသင်းက အခြေအနေ အတော်လေး ဆိုးနေခဲ့ပြီ။ နည်းပြ အစ၊ ကစားသမား အဆုံးပေါ့။ အချို့ကကြ Ten Hag က ကောင်းတယ်၊ ကစားသမားတွေက မစွံတာဆိုပြီး ပြောကြ တာမျိုးတွေလည်း ရှိ၏။

ကျနော့် တယောက်ထဲ အမြင်အရတော့ Ten Hag ကောင်းတယ် မကောင်းဘူး ဆိုတာထက် ကြိုက်တယ် မကြိုက်ဘူးလို့ပဲ ပြောရမယ်ထင်။ သူ့ရဲ့ နည်းစနစ် ကစားဟန် ကစားကွက်က ဘာဆိုတာကို ကျနော် ခုထိ မသိပေ။ ဒါက ကျနော် ဉာဏ်နည်းလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် United fan အဖြစ် နှစ်ရှည် အားပေးလာသူ အဖို့ ဒီအသင်းက ဘာ ဆိုတာကိုတော့ ကောင်းကောင်းကြီး သိ၏။ Sir Alex အလွန် ကိုင်တွယ်ခဲ့သည့် ဘယ်နည်းပြမှ ယခင် United လို ပြန်ဖြစ်အောင် မလုပ်ပြ နိုင်သေးပေ။ လက်ရှိ United က အသင်းကြီး မဟုတ်ဘဲ ဖျက်မြင်းအဆင့်လောက်သာ ကျန်တော့၏။

လက်ရှိ အခြေအနေကြီးကို ဘယ် United fan မှ သဘောမကျနေပေ။ နည်းပြက ဘာတွေ လုပ်နေမှန်း မသိ၊ ကစားသမားတွေက နိုင်လိုစိတ် မရှိနဲ့။ တခေတ်တခါက United ဆိုတာ ဒါကွဟု ပြောရ ပြလို့ရသည့် DNA မျိုး ယခု ကစားသမားတွေထံမှာ မတွေ့ရပေ။ United ပျောက်ဆုံးသွားခဲ့တာ ကြာပြီ။

Ten Hag ကတော့ သူ့ လက်ထက်မှာ ဖလား 2 လုံး ရထားတယ်လေ ဆိုပြီး ကြွယ်၏။ 2 နှစ်ကို 2 လုံး၊ 1 နှစ် 1 လုံး ဒါအောင်မြင်တာပဲလေတဲ့။ သူပြောတာလည်း မှားတော့ မမှားပေ။ သို့ပေမယ့် အသင်းက လောက်လောက်လားလား ဘာမှ ထူးခြား ကောင်းမွန်လာတာမှ မဟုတ်ဘဲ။ ကြိုးစား အားထုတ်မှု ရှိပေမယ့် ကံကောင်းလို့ ဖလားရတာလို့ ပြောလို့ရ၏။

အသင်း မအောင်မြင်တိုင်း နည်းပြ ပြောင်းတာ အဖြေ မဟုတ်ပေမယ့် Ten Hag ကတော့ United အတွက် မဟုတ်၊ မဖြစ်နေဘူး ထင်ပါရဲ့။ အချိန်ပေးကြည့်ပါဦးဟု ဆိုရအောင်လည်း ဘယ်လောက်ထိများ အချိန် ပေးနေရမည်နည်း။

(photos from Manchester United Facebook page)

Sort:  

!hiqvote

!LOLZ
!MEME

What happens to a frog's car when it breaks down?
It gets toad.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP