We Lose

in #hive-1221338 days ago

ဟုတ်ကဲ့ ရှုံးပါတယ်။ မနိုင်ပြန်ပါဘူးဗျာ။ EPL Week 9 မှာ United တို့ West Ham ၏ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့၏။ 2-1 ဖြင့် အရှုံးပေးခဲ့ရ၏။ ပြီးခဲ့သော ကြားရက်က Fenerbache နဲ့ ပွဲမှာလည်း သရေသာ ကျခဲ့၏။ ယခုလည်း West Ham ကို အချိန်ပိုမှာ ပေးရသည့် ပင်နယ်တီဂိုးဖြင့် အရှုံးပေးခဲ့ရ ပြန်၏။ ယခု ရှုံးပွဲကြောင့် United တို့ အဆင့် 14 နေရာထိ ဆင်းသွားခဲ့ရ၏။ West Ham က United ၏ အထက် အဆင့် 13 နေရာမှာ ရပ်တည်နေ၏။ ရမှတ်ကတော့ 11 မှတ်ချင်း အတူတူပင်။ United ပေးရသည့် ပင်နယ်တီက အငြင်းပွား ဖွယ်ရာ အခြေအနေမျိုး ဖြစ်၏။

အသင်းက နဂိုကကို အဆင်မပြေနေပါဘူး ဆိုမှ ဒိုင်လူကြီးတွေကလည်း ရက်စက်ပါပေ့။ ဒီရာသီ ချန်ပီယံ စိန်ခေါ်ဖို့ မပြောနဲ့ ဒီအတိုင်းဆို ချန်ပီယံလိဂ် ဝင်ခွင့်တောင် သေချာပါ့မလား။ ယူရိုပါလိဂ် ဝင်ခွင့်ရရင်တောင် ကံကောင်း။ United တို့ အနေနဲ့ အပြောင်းအလဲ လုပ်ဖို့တော့ လိုအပ်နေခဲ့ပြီ။ Ten Hag ကို အချိန်ပေးသည့်တယ်ဆိုပေမယ့် ဘယ်လောက်ထိ အချိန်ပေးနေရဦးမည်နည်း။ အသင်းက တဖြည်းဖြည်းနဲ့ ရုန်းလေ နစ်လေ ဖြစ်နေခဲ့ပြီ။

ဒီလိုနဲ့ ပြိုလဲသွားမယ်ဆို ခက်မည်။ အချိန်မှီ ပြင်ဆင်သင့်တာကို ပြင်မှ ပြန်လာချိန် မြန်မယ် မလား။ ကျနော်တို့လို ပရိတ်သတ်တွေအဖို့ ပြောစရာ ဘာမှ မရှိတော့ပေ။ ပြောချင်စိတ်၊ ပြောနိုင်တဲ့ အင်အားလည်း မရှိတော့ပေ။ 19 သင်းဖန်တွေ ပြောသမျှ ဆိုသမျှ ခံနေရပြီ။ သူတို့လည်း ယခင်လောက် သိပ်မပြောကြတော့ပေ။ လက်ရှိ United fan တွေကို သူတို့ပင် သနားနေကြပြီ ဖြစ်၏။ ဆက်လည်း မရေးချင်တော့ပြီမို့ ဒီမှာပဲ ရပ်ခွင့် ပြုပါ။

Sort:  

ကျနော်တို့အသင်းက နိုင်ပွဲသာမဆက်တာ ရှုံးပွဲကတော့ ဆက်တယ်ဗျာ

ရှာကြံ ဂုဏ်ယူကြရုံပေါ့လေ။
😂

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻