Hello.
Whenever I go to a village for work, I pass by a natural pond.
I have submitted the reflections of trees on the surface of the pond for the Reflection Hunters Contest.
Whenever I pass by this pond, I look towards it.
Whenever I look towards it, I usually see a bird or two near the edge of the pond.
I don't know what kind of bird it is.
I can't get close to it.
I saw a black bird in the water, so I took a photo with my phone camera.
You can see the black bird in the two photos.
These two photos were taken on an each day.
Although they are not very clear, they are a rural landscape.
မင်္ဂလာပါ။
ကျေးရွာတစ်ရွာသို့ အလုပ်ကိစ္စဖြင့် သွားတိုင်း သဘာဝရေအိုင်တစ်အိုင် ဘေးနားက ဖြတ်သွားရသည်။
ထိုရေအိုင် ထဲက ရေမျက်နှာပြင်၌ မြင်တွေ့ရသော သစ်ပင်တွေ၏ အလင်းပြန်ပုံရိပ်များကို Reflection Hunters Contest အတွက် ဖော်ပြခဲ့ဖူးသည်။
ဒီရေအိုင် ဘေးက ကျွန်တော် ဖြတ်သွားတိုင်း ရေအိုင်ဘက်သို့ ကြည့်ရှုဖြစ်သည်။
ရေအိုင် ဘက်သို့ ကြည့်ရှုဖြစ်တိုင်း ရေအိုင်အစပ်နား၌ ငှက်တစ်ကောင် သို့မဟုတ် နှစ်ကောင် ကျွန်တော် မြင်ရလေ့ရှိသည်။
ဘာငှက်လဲတော့ ကျွန်တော် မသိပါ။
ငှက်အနားသို့ အနီးကပ်သွား၍ ကြည့်လို့လည်း မရပါ။
အနက်ရောင် ငှက်၏ ပုံရိပ်ကို ရေပြင်၌ မြင်ရသောကြောင့် Phone camera ဖြင့် ဓာတ်ပုံရိုက်ယူခဲ့သည်။
ဓာတ်ပုံနှစ်ပုံ ထဲ၌ အနက်ရောင် ငှက် ကို မြင်တွေ့ရမည်။
ဒီဓာတ်ပုံနှစ်ပုံကို တစ်ရက်စီ ရိုက်ယူထားခြင်း ဖြစ်သည်။
ကြည်လင်လှပခြင်း မရှိပေမယ့် ကျေးလက်ရှုခင်း အဖြစ် ဖော်ပြပေးလိုက်ပါသည်။