Hello.
I will share pictures of rural landscapes here.
Rural landscapes are forests, trees, land, water, and sky.
The road between the fields and the forest is a dirt road.
The dirt road is muddy in the rainy season and dusty in the summer.
It is a good road to go in the winter.
You can see the rural scenery and breathe in the fresh air while walking.
You can also see the Buddhist cultural pagoda in the middle of the fields and the forest.
I took a photo of the countryside while looking at the pagodas in the middle of the fields from the road.
There were some clouds in the sky above the green trees.
When the clouds were bright, the scenery looked more beautiful.
As we approached the fish pond outside the village, I took a photo of the huts on the edge of the pond.
The water was clear and there were some clouds in the sky.
It was difficult to get the right light with a phone camera in the bright sunlight.
However, it was fun to walk around in the winter and take pictures of the scenery.
မင်္ဂလာပါ။
ကျေးလက်ဒေသ ရှုခင်းပုံတွေ ဒီမှာ မျှဝေပေးလိုက်ပါဦးမယ်။
ကျေးလက်ရှုခင်း ဆိုတော့ တော၊ သစ်ပင်၊ မြေကြီး၊ ရေပြင် နှင့် ကောင်းကင် စသည်ဖြင့်ပါ။
လယ်တောကြားက လမ်းကလေး ကတော့ မြေလမ်းလေးပါ။
မြေလမ်းလေးက မိုးရာသီ၌ ဗွက်ထတတ်ပြီး နွေရာသီ၌ ဖုန်ထတတ်ပါတယ်။
ဆောင်းရာသီမှာတော့ သွားလို့ကောင်းတဲ့ လမ်းကလေးပါ။
လမ်းလျှောက်ရင်း ကျေးလက်ရှုခင်းတွေ ကြည့်မြင်ကာ လေကောင်းလေသန့် ရှုရှိက်နိုင်တာပေါ့။
ဗုဒ္ဓဘာသာယဉ်ကျေးမှု စေတီတော် ကိုလည်း လယ်တော ကြား၌ ဖူးမြင်ရနိုင်ပါတယ်။
လမ်းပေါ်ကနေ လယ်တော ကြားက စေတီတော်တွေကို ဖူးမျှော်ရင်း ကျေးလက်ရှုခင်းဓာတ်ပုံရိုက်ယူထားတာပါ။
စိမ်းလန်းသစ်ပင် ရှုခင်းတွေ အပေါ်က ကောင်းကင်မှာတော့ တိမ်အချို့ ရှိနေတတ်ပါတယ်။
တိမ်တွေ အရောင်တောက်ပနေလျှင်တော့ ရှုခင်းပုံ ကြည့်ရတာ ပိုမို သာယာလှပတာပါပဲ။
ရွာအပြင်က ငါးမွေးမြူထားတဲ့ ကန် ဘက် ရောက်ဖြစ်စဉ် ကန်ဘောင်ပေါ်က တဲအိမ်တွေကို ဓာတ်ပုံရိုက်ယူခဲ့တယ်။
ရေပြင်က ကြည်လင်နေပြီး ကောင်းကင်မှာ တိမ်အချို့ ရှိပါတယ်။
တောက်ပသော နေရောင်ထဲမှာ Phone Camera ဖြင့် ဓာတ်ပုံရိုက်ယူရတာ အလင်းချိန်ဖို့ မလွယ်လှဘူး။
သို့ပေမယ့် ဆောင်းရာသီအတွင်း လမ်းလျှောက်ရင်း ရှုခင်းကြည့်ကာ ဟိုဟိုဒီဒီ ဓာတ်ပုံရိုက်ရတာ ပျော်စရာကောင်းပါတယ်။