Myanmar Financial Crisis And Food Cost Savings

in #hive-15032918 days ago

Throughout the year 2020, the Covid-19 catastrophe has disrupted Myanmar's economy and left its people in a recession.

img_0.9290957803602563.jpg

Due to the military coup on February 1, 2021, the people have almost come to a halt in business.
Terrorists have used arbitrary arrests and they are doing all kinds of bad things, such as torture of civilians; Looting of valuables; money laundering.
Nearly 800 people have been killed in clashes between militants and peaceful protesters.
Terrorist groups have also arrested good civil servants who did not return to work peacefully under the military dictatorship. Not only aggression, but also suspension from duty; Dismissals are underway.
Therefore, people who have not yet saved a lot of money have to do some work to earn a living.
That includes my family.
It has been more than a month since my wife was fired for disobeying the military dictator because she was a government employee.
She has not been paid since the military coup and has not been paid for three months.
At that time, I could not able to support my family without working.
So I was separated from my family and earning a living.
There are now hundreds of thousands of displaced people in Burma.
I'm still able to earn a living for my family, which is good compared to war refugees.
But I am ashamed to eat good food with the money I earn.
Because it is difficult for hundreds of thousands of people in our country to eat and drink.
Therefore, I think that the income I earn should be not only for my family but also for our people who are suffering.
So I have to save money by eating a full stomach.
If I had a lot of money, I will able to help those in need, is it right?

img_0.6739650006480618.jpg

This is a noodle soup I cooked.
This noodle soup costs 250 kyats, so at the current price of USD 0.16 $.
I can say that I was able to finish a dinner for only USD 0.16 $, so I was able to save $ 0.8 per dinner and save money.
At this time, we in Myanmar have access to supplies and services for war refugees. It is time to save food.

Tin Aung Soe

[Burmese]
၂၀၂၀ ခုနှစ် တစ်နှစ်လုံး Covid-19 ကပ်ဘေးကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ကောင်းစွာ မလည်ပတ်နိုင်ကာ ပြည်သူတွေ စီးပွားရေး ကျဆင်းလျက် ရှိပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သောကြောင့် ပြည်သူများသည် စီးပွားရေးလုပ်ငန်းများ ရပ်နားထားရသည့် အခြေအနေ နီးပါး ဆိုက်ရောက်ခဲ့ပါပြီ။
စစ်အကြမ်းဖက်များသည် ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်း၊ တန်ဖိုးရှိပစ္စည်းများ လုယူခြင်း၊ ငွေညစ်ခြင်း စသော မကောင်းမှုမျိုးစုံကို လုပ်ဆောင်နေကြပါတယ်။
စစ်အကြမ်းဖက်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်သတ်ခဲ့သောကြောင့် အပစ်မဲ့သေဆုံးရသူ ၈၀၀ နီးပါး ရှိပါပြီ။
စစ်အာဏာရှင် လက်အောက်တွင် တာဝန် မထမ်းဆောင်လို၍ ငြိမ်းချမ်းစွာ အလုပ်မတက်ဘဲ အာဏာဖီဆန်သော နိုင်ငံ့ဝန်ထမ်းကောင်းများကိုလည်း စစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခြင်း၊ ရန်ပြုခြင်းများ လုပ်ရုံသာမက တာဝန်မှ ရပ်ဆိုင်းခြင်း၊ ရာထူးမှ ဖယ်ရှားခြင်းများကို လုပ်ဆောင်နေပါတယ်။
သို့ဖြစ်၍ ကျွန်တော်တို့ ငွေကြေးများစွာ မစုဆောင်းထားနိုင်သေးသော ပြည်သူများသည် စားဝတ်နေရေး အတွက် လုပ်ငန်းအချို့ကို ဆောင်ရွက်ကြရပါသည်။
ထိုအထဲတွင် ကျွန်တော်၏ မိသားစုလည်း အပါအဝင် ဖြစ်သည်။
ကျွန်တော်၏ ဇနီးသည် အစိုးရဝန်ထမ်း ဖြစ်သောကြောင့် စစ်အာဏာရှင်ကို အာဏာဖီဆန်ကာ ရုံးမတက်သောကြောင့် တာဝန်မှ ထုတ်ပယ်ခံရသည်မှာ တစ်လ ကျော်ခဲ့ပါပြီ။
သူမသည် စစ်အာဏာသိမ်းမှု ဖြစ်ကတည်းက ရုံးမတက်ခဲ့သောကြောင့် လစာ မရခဲ့သည်မှာ သုံးလ ပြည့်ခဲ့ပါပြီ။
ထိုအခါ မိသားစု စားဝတ်နေရေး အတွက် ကျွန်တော် တစ်ယောက်ကတော့ အလုပ် မလုပ်၍ မဖြစ်နိုင်ပါ။
ထို့ကြောင့် ကျွန်တော်ကတော့ မိသားစုနှင့် ခွဲခွါနေကာ ဝင်ငွေ ရှာနေရပါသည်။
ယခုအခါ မြန်မာနိုင်ငံ၌ အိုးအိမ် စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူများမှာ လူဦးရေ သိန်းချီ ရှိနေပါပြီ။
ကျွန်တော်က မိသားစု စားဝတ်နေရေး အတွက် ဝင်ငွေ ရှာနိုင်သေးသည်မှာ စစ်ဘေးဒုက္ခသည်များနှင့် နှိုင်းယှဉ်လျှင် ကောင်းမွန်ပါသည်။
သို့သော် ကျွန်တော်သည် မိမိ ရှာဖွေရသော ဝင်ငွေဖြင့် စားကောင်းသောက်ဖွယ်များကို စားသောက်ရမှာ ရှက်မိပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့၏ တစ်နိုင်ငံတည်းသား ပြည်သူများ သိန်းချီ၍ စားရေးသောက်တာ ခက်ခဲနေကြသောကြောင့် ဖြစ်ပါသည်။
သို့ဖြစ်၍ ကျွန်တော် ရှာဖွေရရှိသော ဝင်ငွေသည် ကျွန်တော်၏ မိသားစုတစ်ခုတည်း အတွက်သာ မဟုတ်ဘဲ အချို့ငွေကြေးများသည် ဒုက္ခကြုံနေကြရသူ မိမိတို့ပြည်သူများ အတွက်လည်း ဖြစ်သင့်သည်ဟု သဘောထားမိပါတယ်။
ထို့ကြောင့် ကျွန်တော်သည် အစားအစာကို ဗိုက်ပြည့်ဝရုံသာ စားသောက်၍ ငွေကြေး ချွေတာနေရပါတယ်။
ကျွန်တော့မှာ ငွေကြေးများများ ရှိမှသာ အခက်အခဲကြုံနေသူတွေကို ကူညီနိုင်မယ် မဟုတ်လား။

ဒီပုံသည် ကျွန်တော် ချက်ပြုတ်စားခဲ့သော ခေါက်ဆွဲပြုတ်ဆီဆမ်း ဖြစ်ပါတယ်။
ဒီခေါက်ဆွဲပြုတ်ဆီဆမ်း တစ်ပွဲသည် မြန်မာငွေ ၂၅၀ ကျပ် ကုန်ကျခဲ့သောကြောင့် ယခုငွေဈေးဖြင့် ဆိုရသော် USD 0.16 $ မျှ ဖြစ်ပါသည်။
USD 0.16 $ မျှဖြင့် ညစာတစ်နပ် ပြီးမြောက်နိုင်သောကြောင့် ကျွန်တော်သည် ညစာတစ်နပ် အတွက် USD 0.8 $ မျှ အကုန်အကျ သက်သာကာ ငွေကြေး ချွေတာနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
ယခု အချိန်အခါသည် ကျွန်တော်တို့ မြန်မာနိုင်ငံသည် စစ်ဘေးဒုက္ခသည်များ အတွက် အသုံးအစွဲ၊ အစားအသောက် ချွေတာရမည့် အနေအထားပင် ဖြစ်ပါတော့သည်။

တင်အောင်စိုး