Hive ပလက်ဖောင်းပေါ်မှာ လမ်းဆက်လျှောက်မယ်။

in #hive-12213316 days ago

"Cryptocurrency လောကကြီးထဲ
ယောင်လည်လည် ရောက်လာမိတယ်
မျက်လုံးလေး ကလယ် ကလယ်
Coin, Token တွေစုပြီး မထုတ်တတ်ခဲ့တယ်"

ဆိုသလို အဲ့သလို သီချင်းပဲ ဆိုရမလိုလို။
အများတကာတွေ Coin Token တွေ
ထုတ်ယူနေချိန် ကိုယ်တွေက မည်သို့
ထုတ်ယူရမည်ကို မသိသောအခါ။
စိတ်ပေါက်ပေါက်နဲ့ Hive မှာ စာတွေ ဖိ
ရေးရမလို။ ရေးတော့ ပိုစ့်ရတာပေါ့။
ပိုစ့်ရတော့ ဒေါ်လာရ‌တာပေါ့။ သို့ပေသိ
အဲ့ဟာကလည်း ခဏပါပဲ။ စာရေးဖို့
ဆိုသည်ကလည်း တောင်ရေး၊ မြောက်ရေး
ဆိုပေမင့် အဲ့သလို တောင်မြောက် ရေးဖို့ကို
ခေါင်းပူရသေးတယ်။

တကယ်ပြောတာပါ ခုချိန်ထိ Steemit &
Hive ဒီနှစ်ခုကသာ ငွေထုတ်ရယူမှု
လျော့လျော့ရှူရှူရှိတယ်။ ကျန်သော
Crypto တို့မှ ငွေထုတ်ယူရသည်က
ကိုယ်ချစ်တဲ့ မိန်ခလေးထံမှ အဖြေရရေး
အတွက် စိတ်ပူရသလိုပါ။ ယခုလည်း
အများတကာ dog ဆိုတော့ ကိုယ်တွေလည်း
လိုက်ဒေါ့သည်။ သူများတွေ ရောင်းချကြသည်။
ကိုယ်တွေ မရောင်းရသေး။ ဟော့
နောက်တခုရှိသေး ပီအိုင်ဆိုသည့် ဟာကြီး။
ခုထိ ကျွန်တော့်မှာ KYC မအောင်သေး။
ဘယ်သောအခါမှ အောင်မည်မသိ။

ယခုအချိန်က ငွေလိုအပ်သောအချိန်ဖြစ်သည်။
ငင့် ယခင်က မလိုဘူးလားဆိုတော့ လိုပါသည်။
ယခုအခါက ပို၍ ပိုပြီး ငွေလိုအပ်ပါသည်။
လက်ထဲရှိသော Hive ကလေး ရောင်းပါမည်ဆိုမှ
ဈေးက ကျနေသည်မှာ အနီ‌ရောင်ပြ၍
အောက်ခြေသို့ ရောက်ပေတော့မည်။ HBD မှာ
စုထားသည်ကလည်း အတိုး နှစ်ဆယ်မှ
တစ်ဆယ့်ငါးသို့ ရောက်သွားချေသည်။

VPN ပိတ်သောအခါ Telegram ကဖွင့်မရ။

စိတ်ပေါက်ပေါက်ရှိလှ HBD တွေအကုန်ထုတ်၍
အက်စ်ဒီဘီဘဏ်ထဲ အပ်ထားလိုက်ရကောင်းမလားဟု စဉ်းစားမိသည်။ အတိုးရတာချင်းအတူတူ
တော်လှန်ရေးအတွက် သဲတပွင့်၊ နှမ်းတစိ
ပါဝင်ခွင့်ရပေမည်။ မည်သို့ဆိုစေ Hive က
ယခုချိန်ထိ ဈေးမတက်သေးပေ။ ဈေးမတက်ဆို
အခြား Coin, Token များကလည်း ဈေး
မတက်သေးတာကိုး။

Hive ဈေးတက်ချိန်ကို စောင့်နေရသည်မှာ
အတော်ကြာပြီဖြစ်ပေသည်။ ယနေ့အချိန်အခါမှာ
Hive ဈေးက တဒေါ်လာ ရောက်သင့်ပါသည်။
Hive ဈေး တဒေါ်လာဆိုပါမူ ကျွန်တော်တို့သည်
အ‌တော်ကို အဆင်ပြေကြမည်ဖြစ်သည်။
ယခုတော့ အဆင်ပြေသလိုလို၊ အဆင်မပြေ
သလိုလိုနှင့် Hive ပလက်ဖောင်းပေါ်မှာ
လမ်းဆက်လျှောက်နေကြရပေအုံးမည်။

@htwegyi
September 3, 2024

Sort:  

Dog က ကျွန်တော်မမှီလိုက်ဘူး။ ထုတ်နည်းက သူချိတ်ခိုင်းတဲ့ Wellet နဲ့ချိတ်ရမယ် ထင်တယ်။
စမ်းကြည့်ပေါ့။ ခု Hamstar ကလည်း ဒီလ 26 ကျရင် Airdrop ပေးတော့မယ်လို့ ကြေညာလာပြီ။

ဟုတ်ကဲ့ ကျေးဇူးပါဗျာ။

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Tonkeeper ထဲထုတ် ဦးထွေးဗျ။ အရင်လောက် fee မပေးရတော့ဘူးဗျ။ Fee နည်းနည်းပေးပြီး 72 နာရီနေရင် ထုတ်လို့ရ။ free ဆို ၃ ပတ်နေပြီးရင် ရမယ်ဗျ။

ကျေးဇူးဗျာ ထုတ်ကြည့်အုံးမယ်။