စိမ်းမယ်ဆို ရဲရဲစိမ်း။

in #hive-1221339 days ago

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Hive
သည်က ဈေးတက်ရိပ်ပြကာ ဝမ်းသာအောင်
ပြုလုပ်ခဲ့သည်။ ဟော့ ယနေ့မနက် သူ့ကို
ကြည့်လိုက်ချိန်မှာတော့ သူသည်က ခပ်စိမ်းစိမ်း
ပဲ နေပါဟု ပြောရမလို ရှိသေး။ နီ ပါလေပြီ။
စိမ်းမယ့်စိမ်း ပြားငါးဆယ်လောက်ထိ ရောက်ပါ
အုံး တော့လား။

ယခုတော့ သူဈေးတက်ပြီး စိမ်းတာက ကမန်းကတန်းရှိလှပေါ့။ ကိုယ်တွေများ အရောင်းအဝယ်လုပ်ရင်း အတော်ကို
အကျိုးပေးတာကလား။ တနေ့က Binance
Account လေးဖွင့်မရလို့ ကြိုးစားပြီးဖွင့်သည်။
သိတော်မူကြသည့်အတိုင်း Binance
Account ဖွင့်ပါရင် Authenticator code
တောင်းသည်။ ထို အရာနှင့် ကျွန်တော် ပြဿနာ
တက်နေ၍ Binance Account ဖွင့်မရသည်မှာ
ကြာပေသည်။

တနေ့ကတော့ ဟိုကလိ ဒီကလိဖြင့် ကလိ
လိုက်ရာ Binance Account ဖွင့်ရသွားသည်။
ဖွင့်ရ ရချင်း အ ကောင့်ထဲ ရှိသော Hive လေးဆယ်
ကို ထုတ်ရောင်းသည်။ ကိုယ်ရောင်းတုန်းက
ပြားနှစ်ဆယ်ဖြစ်သည်။ ကိုယ်ရောင်းပြီးသော
အခါ Hive ‌ဈေးက ပြားနှစ်ဆယ်ကျော်သွား
သည်။ အဲ့သလို အရောင်းအဝယ် အကျိုးပေး
ကောင်းချက်။

နောက်တခုက Airdrop တွေကောက်ကြသည်။
Telegram မှ dogs, Cats and Agent301
တို့ အစရှိသဖြင့် အဲ့သဟာတွေလိုက်လုပ်သည်။
လုပ်ဆိုလို့ လုပ်လိုက်သည်။ ရလာတဲ့ ဟာတွေကို
ထုတ်ရောင်းချိန်မှာ ပြဿနာတက်သည်။ သူတို့ကို
ထုတ်ရောင်းဖို့ အိတ်ချိန်များမှာ ပြဿနာဖြစ်သည်။
ဒီတော့ ထို အရာများကို ဒီအတိုင်း ပစ်ထားလိုက်ရသည်။

ထို Telegram မှ အရာများသည် ပြုလုပ်မှု
များပါက ဖုန်းကို ထိခိုက်စေသည်ဟု သိရသည်။
ထိုကြောင့် သူတို့ထံမှ ရ မရ မသေချာပေ။
ကိုယ့်ရဲ့ ဖုန်းလေး ပျက်သွားပါရင် ဒုက္ခဖြစ်ပေမည်။
ဒီတော့ ကိုယ်ကျွမ်းကျင်သော Hive မှာ
စာရေးခြင်းသာ ပြုလုပ်ရပေမည်။ သို့ပေသိ
လုပ်လက်စ တန်းလန်းများကိုတော့ ဆက်လက်
နှိပ်နေရပေအုံးမည်။

Hive တခုတည်းနှင့် အဆင်မပြေဘူး။
အခြား အရာလေးများလည်း လုပ်ကြည့်ပါ
ဆိုပေသိ ကိုယ်တွေက မလိုက်နိုင်တော့
ချန်နေရပေအုံးမည်။ ကိုယ့်မှာရှိသော
ကိုယ်ကျွမ်းကျင်သော hive ကိုသာ မှန်မှန်
ပြုလုပ်ရင်း တဖြည်းဖြည်းနှင့် ရှေ့သွားသူများကို
တနေ့မှာတော့ မှီကောင်းမှီပါလိမ့်မည်။

@htwegyi
September 27, 2024

Sort:  

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻