ဘာတွေ ဆက်ဖြစ်မလဲ

in #hive-1221332 months ago

US သမ္မတ Joe Biden ကတော့ 2024 ခုနှစ် သမ္မတရွေးကောက်ပွဲရဲ့ ရွေးကောက်ခံသမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်လိုက်ပါပြီ။ US Democratic Party ကိုယ်စားပြုသမ္မတလောင်းအဖြစ် ရွေးကောက်ခံဖို့လျာထားရာကနေ နှုတ်ထွက်လိုက်တာဖြစ်ပြီး သူ့နေရာကိုဆက်ခံဖို့အတွက် လက်ရှိဒုတိယသမ္မတ Kamala Harris ကိုပါ တခါတည်း ထောက်ခံပေးခဲ့ပါတယ်။

ဒီသတင်းထွက်ထွက်ချင်းမှာပဲ crypto ဈေးကွက်ကြီး ရုတ်တရက်ထိုးကျသွားခဲ့ပြီး LONG Futures position တွေ $ million နဲ့ချီ liquidate ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာပဲ ချက်ချင်းပြန်တက်လာခဲ့တာကြောင့် liquidate ဖြစ်သွားခဲ့ကြတဲ့ trader တွေအတွက်တော့ သန်းခေါင်ယံတောက်ခေါက်သံပါပဲ။

ဒါပေမယ့် အဓိက စိတ်ဝင်စားစရာကတော့ Biden တယောက် Democratic Party ကနေ နှုတ်ထွက်မှုဟာ ပြိုင်ဖက် Republican Party တနည်းအားဖြင့် Trump အတွက် ပိုကောင်းသွားတာလား၊ ပိုဆိုးသွားတာလားဆိုတဲ့ မေးခွန်းပါ။ Trump ဟာ ပထမသမ္မတသက်တမ်းတုန်းက အရှုံးကို အေးအေးလူလူလက်သင့်မခံဘဲ The Capitol ကို ဝင်စီးဖို့ စေခိုင်းခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရသလို သူ့ကို မကြိုက်မနှစ်သက်သူ US နိုင်ငံသားတွေလည်း အတော်များပါတယ်။

Democratic Party ကို Joe Biden လို အသက်ကြီးပိုင်းက ဦးဆောင်တာမဟုတ်ဘဲ Kamala Harris တို့၊ Michelle Obama တို့လို လူလတ်ပိုင်းတွေ ဦးဆောင်သွားတော့မယ်ဆိုရင်တော့ ရွေးကောက်ပွဲရလဒ်ဟာ Trump အသာစီးရနေတယ်လို့ ခန့်မှန်းထားကြတဲ့အခြေအနေကနေ တမျိုးပြောင်းလဲသွားနိုင်ပါတယ်။

တဖက်မှာလည်း Trump ဟာ crypto industry ရဲ့မဲတွေကို ဆွယ်နိုင်ဖို့အတွက် crypto ဥပဒေပြုကတိတွေကို အထပ်ထပ်ပေးနေတယ်ဆိုပေမယ့် ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်သွားနိုင်တာကိုလည်း အားလုံးရဲ့စိတ်ထဲမှာ အနည်းနဲ့အများစိုးရိမ်နေကြပါတယ်။

Trump ကတော့ ဒုတိယသမ္မတရာထူးကိုလည်း crypto bro တဦးဖြစ်တဲ့ JD Vance ကို ရွေးချယ်ထားသလို ဘဏ္ဍာရေးအတွင်းရေးမှူးရာထူးကိုလည်း BlackRock CEO Larry Fink ကို ခန့်အပ်သွားဖို့ စဉ်းစားနေကြောင်း သတင်းတွေထွက်နေတာကြောင့် Trump သာ သမ္မတဖြစ်လာခဲ့ရင် Bitcoin Bull Market တဖန်ပြန်လာတေ့မှာဖြစ်ကြောင်း မျှော်လင့်ချက်တွေ မြင့်တက်နေပါတယ်။

Reference Link: https://cointelegraph.com/news/what-joe-biden-withdrawal-means-crypto-bull-run

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL