သူပဲ လုပ်ခိုင်း လိုက်တာလားပဲ

in #hive-1221332 months ago

အဖိုး Donald Trump ရဲ့ ရုပ်ရှင်ဆန်ဆန် လုပ်ကြံခံရမှုအပြီးမှာ Trump နာမည်နဲ့ memecoin တွေ ဈေးထိုးတက်သွားခဲ့ပါတယ်။ Crypto industry နဲ့ ချစ်ကြည်ရေးရထားတဲ့ Trump နာမည်သုံးပြီးထုတ်ထားတဲ့ memecoin တွေကလည်း အများအပြားရှိနေတာဖြစ်ပြီး ဒီထဲကမှ MAGA token ဆိုရင် $6.17 ကနေ $10.46 အထိကို ထောင်တက်သွားခဲ့ပြီး TREMP ဆိုတဲ့ token ဆိုရင်လည်း $0.39 ကနေ $0.84 အထိကို ထိုးတက်သွားခဲ့ပါတယ်။

ဒီ token တွေရဲ့ သတင်းတွေကြောင့် memecoin အသစ်တွေလည်း ထပ်ထွက်လာခဲ့ပြီး နားရွက်မှာ ဒဏ်ရာရသွားခဲ့တဲ့ Trump ရယ်၊ Trump ရဲ့ နာမည်ကျော်ကြွေးကြော်သံတခုဖြစ်တဲ့ “Make America Great Again” ကို အစွဲပြုပြီး MEGA (Make Ear Great Again) ဆိုတဲ့ Solana memecoin တခုလည်း ထွက်လာခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီလို token တွေဟာ ခိုင်ခိုင်မာမာ တန်ဖိုးမရှိတဲ့ token တွေဖြစ်ပြီး Trump နဲ့ ပတ်သက်တဲ့ သတင်းတစုံတရာထွက်လာမှသာ ဈေးအတက်အကျကြမ်းတတ်တာဖြစ်လို့ အရောင်းအဝယ်လုပ်မယ်ဆိုရင် ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှ အရောင်းအဝယ်လုပ်သင့်ပါတယ်။

Trump လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့လည်း ထင်ကြေးပေးမှုတွေအမျိုးမျိုးရှိနေသလို လုပ်ကြံသူဟာ Trump နဲ့ 150 meters အကွာအဝေးမှာ ရှိနေခဲ့ပေမယ့် လုံခြုံရေးယူပေးထားတဲ့ Secret Service Agent တွေက မသိခဲ့ဘဲ အပစ်ခံရပြီးမှ ချက်ချင်း ပြန်ပစ်ခဲ့တာ ဘာကြောင့်လဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

အချို့ကလည်း ဒီလုပ်ကြံမှုကနေ ဇာတ်လမ်းလေးတခု ဖန်တီးချင်တာကြောင့် Trump ကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်ကြောင်း ထင်ကြေးပေးနေကြသလို crypto လောင်းကစား website တခုဖြစ်တဲ့ Polymarket မှာလည်း US သမ္မတရွေးကောက်ပွဲမှာ Trump နိုင်ဖို့ အလားအလာဟာ 70% အထိကို ဖြစ်သွားခဲ့ပါတယ်။

Trump ကတော့ အခုချိန်မှာ မစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး ဒီလနှောင်းပိုင်းမှာ ကျင်းပသွားမယ့် Bitcoin Conference ပွဲကို လူကိုယ်တိုင် တက်ရောက်ဖို့ကိုလည်း အတည်ပြုထားပါတယ်။

Reference Link: https://bitcoinist.com/donald-trump-memecoins-surge-after-assassination/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

Congratulations @myancrypto! You received a personal badge!

Happy Hive Birthday! You are on the Hive blockchain for 2 years!

You can view your badges on your board and compare yourself to others in the Ranking