အားလုံး မင်္ဂလာပါ။
ဖြစ်ရပ်မှန် လေ့လာမှု: ကြေကွဲဝမ်းနည်းနေတဲ့ ဆရာဝန်
အသက်ကြီးတဲ့ဆရာဝန်တစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သူ့မိန်းမ သေဆုံးသွားခဲ့တာမို့ စိတ်ဓါတ်ကျတာကို မကျော်လွားနိုင်မတာကြောင့် Frankl ဆီရောက်လာခဲ့ပါတယ်။
အခြေအနေကို သုံးသပ်ပြီး အကြံပေးမယ့်အစား Frankl က သူသာ သူ့မိန်းမထက်အရင် သေဆုံးခဲ့ရင် ဘယ်လို ဖြစ်မယ်ထင်လဲ လို့ မေးခွန်းထုတ်လိုက်ပါတယ်။ ဆရာဝန်က ထိတ်လန့်သွားပြီး အဲလိုသာဆိုရင် သူ့မိန်းမက အလွန်အမင်း ခံစားရမှာလို့ ဖြေပါတယ်။Frankl က ဒါဆို မင်းက သူမကို မခံစားရအောင် သက်ညာလိုက်တာပဲ။ ဒီ့အတွက် သင်ပေးဆပ်လိုက်ရတာကတော့ အသက်ရှင်ကျန်ရစ်ပြီး သူမအတွက် ဝမ်းနည်း နေရတာပဲ လို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
ဆရာဝန်က စကားတစ်ခွန်းမှ မပြောတော့ပေ။ ဆရာ့ရဲ့ လက်ကို ကိုင်ဆွဲ နုတ်ဆက်အပြီးမှာ Frankl ရဲ့ ရုံခန်းကနေ အေးဆေးစွာထွက်သွားခဲ့ပါတယ်။ သူက သူ့ရဲ့ အလွန်ချစ်ရတဲ့မိန်းမကိုယ်စား နာကျင်မှုတွေကို သည်းခံနိုင်ခဲ့ပါပြီ။ သူက ဘဝ ရည်ရွယ်ချက်တစ်ခု ရရှိလိုက်ပြီ ဖြစ်တယ်။
နောက်အပုဒ်မှာတော့ မော်ရီတာ ကုထုံး (Morita therapy) အကြောင်းဖော်ပြသွားမှာဖြစ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။
(image source: https://safety4sea.com/cm-ikigai-find-your-meaning-at-work-and-life/)
ဂျပန်စကားလုံး 'Ikigai' ဆိုတာကတော့ 'reason for being' ရှင်သန်ခြင်း အကြောင်းရင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် Hector Garcia နဲ့ Francesc Miralles "IKIGAI: The Japanese Secret to a Long and Happy Life" ဖော်ပြတာ ဖြစ်ပါတယ်။ နောက်တစ်ပိုစ့်မှာ ပြန် ဆုံပါမယ်။
ဤအားလုံးကျန်းမာကြပါစေ။
@princekham
28th Oct 2024
Myanmar