ကုသိုလ်ဆိုတာ ပွားများရတာလား

in #hive-12213318 days ago

အားလုံး မင်္ဂလာပါ။

ဟော်မှာ အလှူလုပ်ဖြစ်ခဲ့တယ်။ ဘုန်းကြီးဝါဆိုသင်္ကန်းကပ်၊ လှူဖွယ်ဝတ္ထု ကပ်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းတာပါ။ ကျွန်တော်က ထီးဖိနပ်အတွက် အလှူငွေ ထည့်ဝင်ခဲ့ပါတယ်။ ပြီးတော့ ကျန်တဲံ ဝေယာဝစ္စကုသိုလ်အချို့မှာပါဝင်ခဲ့ပါတယ်။ ဒါတွေကိုလဲ စိတ်ထဲမှာ ပွားများ ကုသိုလ်ယူနိုင်ပါတယ်။ ဒါပေမယ့် စိတ်ထဲ ပိုပြီး ကုသိုလ်ပွားများ ဖြစ်မိတာတွေလဲ ရှိနေပါသေးသည်။ အဲဒါကတော့ကိုယ်လုပ်ထားတဲ့၊ ကိုယ့်ပိုက်ဆံနဲ့ အသုံးပြုဝယ်ယူထားတဲ့ ပစ္စည်းတွေကို အလှူမှာပါဝင်အသုံးချခွင့်ရနေတာပါပဲ။ပထမဆုံးကတော့ အလှူအတွက်ဆိုပြီး ကျွန်တော်လုပ်ထားတဲ့ စားပွဲလေးကို ဘုန်းကြီးဆွမ်းကပ်တဲ့နေရာမျာ အသုံးပြုခွင့်ရတာပါပဲ။ ဒီစာပွဲလေးတွေ့တိုင်း အော် နင်တော့ ကုသိုလ်အရေ:မှာပါဝင်ခွင့်ရလိုက်ပြီဆိုပြီး စိတ်ချမ်းသာ ကုသိုလ်စိတ်ဖြစ်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ကိုယ့်လုပ်အား ထည့်ဝင်ပြီး လုပ်ထားခဲ့တဲ့ စားပွဲ မဟုတ်ပါလား။ သာဓု သာဓု သာဓု။

ဒါ့အပြင်အလှူမှာ ကျွန်တော်ဝယ်ထားပြီး အသုံးမပြုဖူးသေးတဲ့ ရေနွေးအိုးကြီးနဲ့ပါဝင်ခွင့်ရတာ၊ အိမ်ကကားနဲ့ အပြင် ကျွန်တော် ဝယ်ဖြစ်ခဲ့တဲ့ ကားနဲ့ ဘုန်းကြီးပင့်တာပို့တာတွေ လုပ်ခဲ့ရလို့ ဝမ်းသာ ပီတိဖြစ်ရပါတယ်။ အဖေ့ကို လဲ စိတ်ထဲက ပြောမိပါသေ:တယ်။ အဖေ့ကားနဲ့ ဘုန်းကြီးပင့်တာတွေလုပ်နေပြီ၊ အဖေသာဓုခေါ်တော့လို့။

တစ်ခါတစ်လေ ငွေနဲ့ လှူဒါန်းတာထက် လုပ်အားအလှူက ပိုပြီး အမှတ်ရစေတယ် လို့ ခံစားရပါတယ်။ ဒါကြောင့်မို့ ရိပ်သာသွားပြီး လုပ်အား ဒါနတွေပေးဖြစ်တယ်။ ယောဂီတွေ အဆင်ပြေပြေနဲ့တရားအားထုတ်နိုင်ပါစေဆိုတဲ့ စေတနာပါ။ အလှူ ဒါမှမဟုတ် လုပ်အားပေးတာက စင်ကြယ်နိုင်လေကောင်းလေထင်ပါတယ်။ အချို့က လှူနိုင်တယ်ဆိုတဲ့ မာန်မာန တွေပါရင် ဆွမ်းထဲ ကြွက်ချေးပါသွားသလိုပဲ လို့ မှတ်သားခဲ့ဖူးပါတယ်။ ဒီလိုပဲ လုပ်အားဒါနပြုတဲ့ အခါမှာလဲ ကိုယ်ပဲ လုပ်နေရတယ် အခြားသူကျတော့ လာပြီးပြန်သွားတယ် စသည်ဖြင့် ရှာကြံ အကုသိုလ်ယူ တွေးတာမျိုးလဲ တွေ့ဖူးမိပါတယ်။ ကျွန်တော်ကတော့ ကုသိုလ်အရေးတွေမှာ အခြားသူတွေကိုလဲ ပါဝင်စေချင်ပေမယ့် အခြားသူတွေမပါလို့ ကိုယ်ကပဲ လုပ်လိုက်ရတယ်ဆိုရင်လဲ ကိုယ် ကုသိုလ် ပိုရဖို့ အကြောင်းဖန်လာတာလို့ပဲ မှတ်လိုက်ပါတယ်။ ကုသိုလ်လုပ်ဖို့ အခွင့် ရခဲတာမို့လို့ သကြားမင်းတို့လိုတောင် လူဖန်ဆင်းပြီး ကုသိုလ်ပြုတဲ့ သာဓကတွေ ရှိခဲ့တယ် မဟုတ်ပါလား။ ဂေါတမ ဘုရားအလောင်း သုမေဓာ ရသေ့ဆိုရင်လဲ ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမယ့်လမ်းမှာ တန်ခိုးနဲ့ တံတားကို ဖန်ဆင်းနိုင်ပေမယ့် မဖန်ဆင်းပဲ လုပ်အားဒါနနဲ့ တံတားဆောက်ပြီး ကုသိုယ်ပြုဖို့ လုပ်ခဲ့ တာပဲ မဟုတ်ပါလား။

ဒီမှာပဲ ခဏ အဆုံးသတ်ပါရစေ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
30th Aug 2024
Myanmar

Sort:  

ကောင်းတဲ့ စိတ်ကူး စိတ်ထားပေါ့ဗျာ။
!PIZZA
!MEME

The table you made is beautiful!
!LUV
!PIZZA
!MEME

Yes, thanks!
!LUV !MEME !PIZZA

@princekham, @asterkame(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

Made with LUV by crrdlx

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @princekham
princekham tipped asterkame
asterkame tipped princekham

@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @princekham gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻