ဖြစ်မြောက်သွားဖို့ပါပဲ

in #hive-1221332 months ago

အားလုံး မင်္ဂလာပါ။

ဒီနေ့တော့ project အသစ် စဖြစ်ပါတယ်။ မြေဆွေးမွှေစက်လေး ဆင်မလို့ပါ။ ပစ္စည်းလေးတွေတော့ စစုနေပါပြီ။ သံစည်ပိုင်း၊ သံဝင်ရိုး၊ ပြီးတော့ ဘေးနှစ်ဘက်က ထိန်းပေးမယ့် bearing တို့တော့ရှိပါပြီ။

နောက်ထပ်လိုမှာကတော့ မော်တာ၊ gearbox နဲ့ စည်ပိုင်းထိုင်ဖို့ frame တို့ပဲ ဖြစ်ပါတယ်။ စက်ရဲ့ ဒီဇိုင်းကတော့ အောက်က ဗီဒီယိုထဲကလိုမျိုးဖြစ်ပါမယ်။ Ribbon mixer အမျိုးအစားဖြစ်ပါတယ်။


(source: Youtube)

ကျွန်တော် ဂျင်းအပင်တွေကို စိုက်ထုတ်နဲ့ စိုက်ဖို့ရည်ရွယ်ပါတယ်။ စိုက်ထုတ်ထဲ ထည့်ဖို့ မြေက ဥယျာဥ်မြေ 50 % မြေဆွေး 25 % နဲ့ အုန်းဆံမှုန့် 25 % ရောရမှာဖြစ်ပါတယ်။ ရောပြီးမွှေတဲ့အခါမှာ စက်နဲ့ မွှေတာက ပို အဆင်ပြေပြီး နှံမယ်ထင်လို့ စက်ကို စလုပ်ဖြစ်သွားတာဖြစ်ပါတယ်။ မော်တာကို တော့ ဒီမှာပဲ ရှာမှာဖြစ်ပြီးတော့ gearbox ကိုတော့ တရုတ်ပြည်က မှာရမှာဖြစ်ပါတယ်။ ဒီလို စက်မျိုး ဆောက်ပြီးသား ဒီမှာ ရှာကြည့်တာ မတွေ့မိနေပါဘူး။ order မှာရမယ် ထင်ပါတယ်။ ကိုယ့်ဆီမှာလဲ ဆောက်ဖို့ ပစ္စည်းလေးတွေ ( ဝရိန်စက်၊ ဖောက်စက် စတာတွေ) ရှိနေတာမို့ ကိုယ်ကိုယ်တိုင်ပဲ ဆောက်ပါမယ်။ နိုင်ငံခြားမှာ (ထိုင်း၊ မလေး တို့ ထင်ပါတယ်၊ Youtube ထဲမှာ) ဒီမွှေစက်တွေကို တိရိစ္ဆာန် အစာ မွှေဖို့ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ မြန်မှာပြည်က သူတွေတော့ တိရိစ္ဆာန်အစာတွေကို ဘယ်လို မွေကြလဲ မသိပါဘူး။ မြန်မာ ပြည်မှာလဲ များများစားစား သုံးရင်တော့ ပိုပြီး ခရီးတွင်မယ်လို့ သုံးသပ်ချင်ပါတယ်။ ဘယ်လိုပဲ ပြောပြော စလုပ်ဖို့ ဆုံးဖြတ်ပြီးပြီမို့ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်သွားဖို့ ကိုယ့်ကိုကိုယ် ဆန္ဒပြုပါတယ်။
ပြီးတော့ ဂျင်းကိုတော့ အိတ်ပေါင်း ၅၀၀ စိုက်ဖို့ ရည်ရွယ်ထားပါတယ်။ တစ်အိတ်မှာ ဂျင်းတက် နှစ်ဆယ်သားလောက်စိုက်ထားပြီးရင် နှစ်ပိဿာ ပြန်ရတယ်လို့သိရပါတယ်။ ၈ လ ၁၀ လလောက်ကြာပြီးရင်တော့ ပြန်ဖော်လို့ရပါပြီ။ တစ်ချို့လဲ တစ်နှစ်ကျော်ထားတယ်လို့ သိရပါတယ်။ ဂျင်းပင်ကတော့ ရေကြိုက်ပေမယ့် ရေဝပ်လို့တော့ မရဘူးလို့သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာတော့ တော်တော်များများ စိုက်ကြပါတယ်။ အခု ဂျင်းတစ်ပိဿာကို ၆၀၀၀ ကျပ်ပေါက်စျေးရှိတယ်လို့သိရပါတယ်။ မိတ်ဆွေတို့ကော စိုက်ပျိုးရေး ဝါသနာပါကြပါသလား၊ လုပ်ကြပါသလား။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
22nd July 2024
Myanmar

Sort:  

ပျင်းတယ်။ စိုက်ပျိုးရေးလုပ်ရတာ။ အပင်တွေကိုတော့ သဘောကျပါတယ်။
!LUV
!LOLZ

Why can't you trust an atom?
Beause they make up everything.

Credit: reddit
@princekham, I sent you an $LOLZ on behalf of myothuzar

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

စိုက်ပျိုးရေးတော့ အလိုအလျောက် စနစ်နဲ့ တွဲမှာပါ။
Thanks!
!LUV !PGM

ဂျင်း​စျေး​တွေ ​ကောင်းတယ်​ များများစိုက်ပါ !PGM

ဟုတ်ကဲ့
Thanks!
!MEME !PGM

PIZZA!

$PIZZA slices delivered:
@princekham(1/10) tipped @asterkame
asterkame tipped princekham

Really nice machine!
!LUV
!PIZZA
!MEME

Yes. Thanks. I expected myself to build one too
!LUV !MEME !PIZZA

အကို့ကိုတော့ အားကျတယ်ဗျာ။ လေးလည်းလေးစားတယ်။ ချသာချဗျာ။

ဂျင်းဈေးက တလောက အတော်ကောင်းတာဗျို့။
ခြောက်ရာဖိုးကို ဂျင်းတက် တစ်တက်သာရတယ်။
!LOLZ
!MEME

What's a dry orange good for?
Nothing at all. It's juiceless.

Credit: reddit
@princekham, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.