ထန်းသီးတွေပေါ်နေပီ။ အလုံးတွေက ချောချောလေးတွေ။ ဒီမှာတော့ ထန်းပင်တွေ ပေါလှသည်။ အများဆုံးက ထန်းပင်နှင့်ကန္တာရပင်တွေဖြစ်မယ်ထင်သည်။ နေရာ စုံအောင်တော့မရောက်ဖူးသေးပေမဲ့ မြင်နေရတာကတော့ ဘယ်နေရာ ကြည့်ကြည့် ရှိတဲ့အပင်က ကန္တာရပင်နှင့် ထန်းပင်။
ထန်းသီးလေးတွေ နုနုလေးတွေ အရည်လေးတွေ ရွှမ်းလို့။ ထန်းသီတွေ ခွာပီး အပေါ်က အခွံကို နွားစာ ထားသည်တဲ့။ အဆံကိုတော့ ခွာပီး မန်းလေးသွားရောင်းကြတယ် ဆိုပဲ။ တော်တော်လေးရောင်းရတယ်။ဝယ်သူတွေကို ဝိုင်းလို့တဲ့။ ခုမှ နုနုလေးတွေဆိုတော့ ပိုလို့ကောင်းနေတာပေါ့။
ကိုယ်တွေက အစားတလိုင်းဆိုတော့ မြင်တာနဲ့ ဘယ်ရမလဲ ဝယ်စားပီလေ။ ဒီမှာတော့ ထန်းပင်အကြောင်း သုသေတနပြုစုအုံးမှပါလေ။