လူတိုင်းမှာ ကိုယ်မြတ်နိုးရတဲ့အရာတွေ ရှိကြစမြဲပါပဲလေ။ တွယ်တာရာ မြတ်နိုးရာဆိုတဲ့အရာမှာ တန်ဖိုးတွေ ဈေးနူန်းတွေ အရေးမကြီးတော့ဘူးနော်။လက်ဆောင်လေးတွေဆိုလည်း တန်ဖိုးထားတယ်။ ကျွန်မရဲ့ ဖုန်းလေးက စိတ်ထဲမှာတော့ အရေးမကြီးဘူးထင်ရပေမဲ့ အိပ်ချိန်မှာ ပိုပြီးမရှိမဖြစ်ပါပဲ။
သူမရှိရင် မနေတတ်သလိုပါပဲ။ ကျန်တဲ့ အချိန်တွေဆို အဲ့လောက် သတိမရတတ်ပေမဲ့ အိပ်ချိန်ရောက်တိုင်း ပိုသတိရတယ်။ ကျွန်မရဲ့ ဖုန်းလေးပေါ့။apple မို့ နာမည်ကြီးမို့ဆိုပြီးတော့ မထင်လိုက်ပါနဲ့ ။ Vivo 198လေးပါ။
ကျွန်မ အကျင့်တစ်ခုလိုဖြစ်နေတာလေး တစ်ခုရှိတယ်။ ည အိပ်ရင် လူနဲ့ ဖုန်း ဝေးဝေးမနေတတ်တဲ့ အကျင့်လေး။ အိပ်မယ်ဆိုရင်ကို ဖုန်းလေး ဘေးရှိမှ အိပ်ပျော်တာ။ဘာမှ မဟုတ်ပဲ ဖုန်းလေးရှိရင် အိပ်ပျော်ပီလေ။ ဖုန်းအားသွင်းထားပီးတော့ မအိပ်တတ်ဘူး။တစ်ခုခု လိုနေသလိုနေသလိုနဲ့မို့ မအိပ်ပျော်ဘူးလေ။အိပ်နေရင်း ဖုန်းလာရင်လည်း မကြိုက်ပြန်ဘူး။အဲ့တော့ အိပ်ရင်လည်းsilent လုပ် ၊ဒါမှမဟုတ်ရင် vibrateလုပ်ထားပီးမှ အိပ်တတ်တာ။ တစ်ခြားလူတွေ ပြောပြရင်လည်း ရယ်စရာကိုဖြစ်ရောပဲ။မတတ်နိုင်ဘူး ကိုယ့်အကျင့်ဖြစ်လို့နေတော့လည်း။ အိပ်နေရင်း ဖုန်းအားသွင်းမိရင် ပြည့်ပီလားလို့ ခဏဏ ထကြည့်မိတာ အမောပါပဲ။
ခုလို မီးက ခဏဏပျက်တဲ့အခါ ဒုက္ခရောက်ပီလေ။ မီးလာတုန်း အားသွင်းလိုက် ၊အိပ်မလို့လုပ်လိုက် မီးလာလိုက် ၊ထပြီးဖုန်းအားလေးသွင်းလိုက် မီးပျက်လိုက်နဲ့။ ပါဝါဘန့်လေး ဆောင်ထားမှ ဖြစ်တော့မယ်။ နေ့လည်ခင်း နေပူပီး ဖုန်းက ပူလို့ ဖုန်းကိုင်ချိန်လျော့ထားဖြစ်တာရယ်ကြောင့် အားကုန်တော့ သက်သာတာပေါ့လေ။