နေပူတော့ အသီးတွေပဲ ပိုစားဖြစ်တယ်။ ဒီနေ့ မမလတ်က သရက်သီးတွေ၊လိမ္မော်သီးနဲ့ ကြက်မောက်သီးတွေ ဝယ်လာပေးလို့ ပျော်တယ်။ ကြိုက်လည်းကြိုက်တယ်လေ။
သရက်သီးလေးကို ရေခဲသေတ္တာထဲ ထည့်ပီးတော့ ခွဲစားလိုက်ပီ။ ရေခဲသေတ္တာ ဖွင့်ရင်ကို သရက်သီးအနံ့လေးက မွှေးနေတော့ ပိုစားချင်လာရော။ အဲ့တာနဲ့ သရက်သီးလေး ခွဲစားဖြစ်သွားတယ်။ ပေါ်ဦးပေါ်ဖျားဆိုတော့ အရသာက ထင်သလောက်မချိုသေးပေမဲ့ တော်တော်လေးစားကောင်းတယ်။
အိမ်မှာဆို သရက်ပင်တွေ များကြီးရှိတယ်။ မချစ်စု၊သရက်နဂါးမောက်၊တစ်နှစ်ခြောက်လ၊သုံးလုံးတစ်ထောင်လည်း ရှိတယ်။ စိန်တလုံးသရက်ပင်ကတော့ မနှစ်ကအသီးတွေ ခဲနေအောင်သီးပေမဲ့ လေလာလို့ အမြစ်ကနေလန်ပီး လှဲသွားလို့။ ဒီနှစ်အိမ်ကထွက်တဲ့ စိန်တလုံးသရက်သီးတော့ မရှိဘူးပေါ့။စိန်တလုံးသရက်ပင်လေးလည်း ပြန်စိုက်ထားပါတယ်။သရက်သီးအကုန်လုံးမှာ တစ်နှစ်ခြောက်လက အထားခံဆုံးပဲရှင့်။ အိမ်က သရက်သီးဆို ဟိုအရင်နှစ်က သီတင်းကျွတ်ထိ အပင်ပေါ်မှာ အသီးကျန်နေသေးတယ်။မိတ်ဆွေတို့ရော ပေါ်ဦးပေါ်ဖျား သရက်သီးလေးရော စားပီးကြပီလား။ ကြိုက်ကြပါရဲ့လား။