တောအရက် - ၃(နိဂုံး)

in #hive-1221333 years ago

ဟိုအရင်တုန်းကဆိုရင် ကျနော်ဟာ အရက်သမားတစ်ယောက်ပါပဲလို့ ပြောရင်မမှားဘူးဗျ။အမြဲတမ်းမူးနေခဲ့တယ် နည်းနည်းမူးလိုက် များများမူးလိုက် အိမ်မပြန်ရောက်တဲ့အထိမူးလိုက်နဲ့ အဲ ကြွားတယ်လို့တော့မထင်ပါနဲ့။မသောက်ဖြစ်တော့တာ သုံးနှစ်ကျော်ပဲ ရှိပါသေးတယ်။မသောက်သုံးတော့တဲ့အချိန်ဟာ မိသားစုဝင်တွေ တအားပျော်တဲ့ အချိန်ကာလတွေပါပဲ။ဆက်လက်ထိန်းထားဖို့က ကျနော့အပိုင်းပေါ့။အရက်မြည်းတာကလွဲရင်...
ကစော်ရည်ဖောက်ဖို့ ကောက်ညှင်းတစ်ပြည်နဲ့ ဥပမာထားပြီး ပြောပြပါ့မယ်။ဆန်ဖြစ်ဖြစ် ကောက်ညှင်းဖြစ်ဖြစ် သုံးလို့ရပါတယ်။
-ဆန်/ကောက်ညှင်း(အခွံကွာရုံပဲ အဖြူမဟုတ်ပါ ၊ကျနော်က ဆုံနဲ့ထောင်းဖွတ်ပါတယ်)
-ဆေးလုံး (သစ်ဥသစ်ဖုသစ်မြစ် ၃၃မျိုးပေါင်းစပ်လုပ်ထားတယ် အခုက ပြည့်မီခြင်းမရှိလောက်တော့ပါဘူး)

img_0.9339384678949686.jpg

-ကြံသကာ

img_0.06975838558394445.jpg

-ရေ
-ကစော်ရည်စိမ်တဲ့ စဉ့်အိုး/အဖုံးပါရေပုံး
အရင်ဦးဆုံး ကောက်ညှင်းတစ်ပြည်ကို ရေဆေးပါမယ်။ရေနွေးတည်ထားမယ်။ရေနွေးဆူလာရင် ကောက်ညှင်းကိုထည့်ပြီး ရေနွေးအိုးကို မီးပေါ်ကချပါမယ်။ကောက်ညှင်းကို ရေနွေးအိုးထဲကြာကြာမထားပါဘူး ကောက်ညှင်းနည်းနည်းစေးကပ်ရင်ရပါပြီ။ရေစစ်ပြီး ကောက်ညှင်းကို အအေးခံထားလိုက်ပါမယ်။

img_0.12098688356209608.jpg
မိမိစိမ်လိုတဲ့ အိုး/ပုံးထဲကို ကောက်ညှင်းထည့်ပြီး ဆေးလုံးအလုံး ၂၀ လောက် ချေပြီး ရောနယ်လိုက်ပါမယ်။သမအောင်နယ်ပြီး တစ်ရက်နဲ့တစ်ည လေလုံအောင် အဖုံးဖုံးပြီးထားပေးလိုက်ပါ။
ရက်ပြည့်သွားပြီဆိုရင် မှိုလိုအဖြူဖတ်လေးတွေ တွေ့ရပြီး မွှေးကြိုင်တဲ့အနံ့သင်းသင်း‌လေးပါ တစ်ခါတည်း ရပါလိမ့်မယ်။ကြံသကာတစ်ပိဿာနဲ့ ရေ ၄ခွက် ထည့်ပြီး ရောနယ်လိုက်ပါ။နှစ်ရက်နှစ်ညလောက်သိပ်ထားပြီး မြည်းကြည့်ပါ။ချိုခါးလေးအရသာရလာပြီဆိုရင် အရက်ချက်လို့ရပါပြီ။မချက်သေးဘဲ ဒီထက်ပိုရင့်အောင် ထားထားလို့ရပါတယ်။ကစော်ရည်ရင့်လေ အရက်ပိုထွက်လေပါပဲ။ကြံသကာတစ်ပိဿာနဲ့ ကောက်ညှင်းတစ်ပြည်ကို အရက် ၃-၄ ပုလင်းရပါတယ်။ချက်မယ့်ကစော်ရည် အားလုံးကို စကာခံကာ စစ်ခပ်ထုတ်ပြီး နောက်ထပ် ကြံသကာ၊ဆေးလုံး ၊ရေ ပြန်ထည့်ပြီး ကစော်ရည်ပြန်စိမ်ပါတယ်။တစ်ပတ်နှစ်ပတ်လောက်ချက်ပြီး အရက်အထွက်နည်းလာရင် ကောက်ညှင်း သို့မဟုတ် ဆန် ကိုရေနွေးမှာနူးရုံစိမ်ပြီး ကစော်အိုးထဲ ထပ်ပေါင်းထည့်ပေးရင်ရပါပြီ။ ကစော်ရည်မချဉ်အောင်ကိုတော့ လုံးဝသတိထားပေးရပါမယ်။ ချဉ်လာပြီဟေ့ဆိုရင် ရှုံးတော့တာပဲ။ပထမဆုံးကျတဲ့ အရက်ဦးရေက အခရာပါ။ဦးရေမှာချဉ်သွားပြီဆိုရင် အရှုံးပေါ်တာပဲ။ဦးရေမချဉ်ဖို့က ကစော်ရည် ချဉ်မသွားအောင်ဂရုစိုက်ပေးရမယ်။ချဉ်လာရင် ပြင်နည်းတွေကတော့ တစ်ရွာတစ်ပုဒ်ဆန်းရှိကြပါတယ်။ဆရာစားမို့ ချန်ထားလိုက်ပါရစေ။

img_0.16047611554491312.jpg
ခုမြင်နေရတဲ့ က‌စော်ရည်အရောင်က အမြုံ့နည်းနည်းနဲ့ နုနေသေးတယ်။မြည်းကြည့်ရင် ချိုတဲ့အရသာပဲရမယ်။ရင့်လာတဲ့အခါဆိုရင် နီကျင့်ကျင့်အရောင်သန်းပါတယ် ခပ်မှောင်မှောင်ပေါ့။
ဒီလောက်ဆိုရင် hive-myanmar က သူငယ်ချင်းတွေ လက်တည့်စမ်းလို့ရလောက်ပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

Sort:  

အော် ဂလိုကိုး သိသွားရာတပ ။
ချဉ်သွားရင် ဘယ်လိုလုပ်တာတုန်း 😁။
!LOL

ဟဲဟဲ ဆရာစားပါဗျ

There are II kinds of people
Those who understand Roman numerals and those who don't

Credit: reddit
@cdm.ano, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(1/15) tipped @cdm.ano (x1)

Join us in Discord!

တဆေး လုံးတွေကို ကြည့်ရတာ စပါးခွံတွေနဲ့ ဆိုတော့ သေချာတယ် အဲဒီ တဆေး လုံးလေးတွေက ကျွန်တော်မြင်ဘူးတဲ့ တဆေးနဲ့ အကွာကြီ ကွာနေပါတယ်။ !PIZZA

ဟုတ်တယ်ဗျ အရင်ကအလုံးတွေဟာ အကြီးကြီးပဲ ခုဟာက ထန်းလျှက်ခဲလောက်ပဲရှိတယ် ပြီးတော့ ဆန်မုန့်များတယ်

Posted via D.Buzz

လက်တည့်စမ်းအားသေးပါဘူးကွာ
!LOLZ

မလုပ်ပါနဲ့ဗျာ ပင်ပန်းတယ် အညှော်မိတယ်

In my past life I was a turtle.
It is slowly coming back to me.

Credit: reddit
@cdm.ano, I sent you an $LOLZ on behalf of @tin.aung.soe
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/8)

Congratulations @cdm.ano! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 1750 upvotes.
Your next target is to reach 2000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Today is the beginning of a new Hive Power Up Month!
Hive Power Up Day - March 1st 2022
Support the HiveBuzz project. Vote for our proposal!