တပေါင်းလက တော်တော်ကို ပူနေပါပြီ။အပြင်ထွက်စရာမလိုဘဲ အိမ်ထဲမှာတောင် အပူဟပ်တယ်။အသီးကင်းတွေကလဲ အပင်အောက်မှာ တစ်သီတစ်တန်းကြီးကြွေနေကြလို့။မရမ်းသီးတွေကတော့ မှည့်တောင်နေပါပြီ။တူ၊တူမတွေ၊သားသမီးတွေ ဆိုတဲ့ ကလေးငယ်တွေက ခံတွင်းတွေ့ရင် အကုန် လျှောက်စားနေကြတယ် မဟုတ်ပါလား။သိပ်မကြာတော့ဘူး ယင်ကောင်တွေကလဲ ပလူပျံထွက်လာတော့မယ်။ပိန္နဲသီးမှည့်တွေ သရက်သီးမှည့်တွေ ကြွေတော့မယ်။ရာသီဥတုကလဲ ပိုပူလာနေပြီ။
ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ မကြာမီ ရောက်ရှိလာတော့မှာဖြစ်လို့ ကလေးတွေကို သေချာကြပ်မတ်ပေးကြပါ။ခေတ်ကာလက အရင်လိုမဟုတ်လို့ နေရာတိုင်းမှာ အားနည်းချက်တွေ ရှိနေပါတယ်။ပူပြင်းတဲ့ရာသီအတွက် မရှိမဖြစ်က ဓါတ်ဆားပါပဲ။ထို့အတူ ဝမ်းနဲ့ ဆက်စပ်တဲ့ ရောဂါအတွက်ကလဲ ဓါတ်ဆားက အဓိကပါပဲ။ဓါတ်ဆားမုန့်ထုပ်တွေ ဆောင်ထားကြပါလို့ တိုက်တွန်းပါရစေ။မီးဖိုချောင်သုံး ဓါတ်ဆားဖျော်နည်းက ရေတစ်လီတာမှာ ဆားဟင်းခပ်ဇွန်း (၁)ဇွန်း၊သကြား ဟင်းခပ်ဇွန်း (၃)ဇွန်း သမမွှေသောက်လို့ရပါတယ်။ဓါတ်ဆားတစ်ထုပ်ဖျော်လိုက်ပြီဆိုရင် ၂၄ နာရီအတွင်းသာ အာနိသင်ရှိပါတယ်။၂၄ နာရီကျော်သွားရင် သွန်ပစ်လိုက်ပါတော့လို့ မှာချင်ပါတယ်။
ထိုနည်းတူစွာပဲ ဝက်သက်၊ရေကျောက်(ပဲသီတာ)၊မျက်စိနာရောဂါတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချိန်ရာသီပါ။ကူးစက်တတ်တဲ့ရောဂါပေမို့ ကြိုတင်သတိနဲ့ယှဉ်ပြီး ကိုယ့်အသိုင်းအဝိုင်းက ကလေးတွေ မဖြစ်ရလေအောင် ဂရုစိုက်ပေးကြပါခင်ဗျ။