အရင်လို ပေါက်ကရ လေးတွေ ကလေးအတွေးလေးတွေ လိုက်ရေးပြီး vote လိုက်တောင်းဖို့ စဉ်းစားသော်လည်း ရေးဖို့ စီစဉ်လိုက်တိုင်း ပျက်သွားရတာက များလွန်းနေပါပြီ ။ ခုတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် ဘာအကြောင်းအရာမှ သေသေချာချာ မရှိပေမဲ့လို့ တစ်ရက် နှစ်ရက်ကို post လေး တစ်ခု လောက်တော့တင်သွားဖြစ်အောင်လုပ်ပါအုံးမည် ။
ဘာမှ မလုပ်ဖြစ်တာကြာတော့ ဘာတွေဖြစ်မန်းတောင်မသိတော့တာ ကြာပြီဘဲလေ ။ Risingstar တို့ ဘာတို့လဲ မလုပ်ဖြစ်တာကြာပြီ ။ Risingstar ကတော့ ဆော့ရတာ ဆက်ပြီး ပိုရဖို့ မမြင်ရတာလဲပါပါတယ် ။ တစ်ရက်နည်းနည်းကလဲ မလုပ်ဖြစ်တာထက်စာရင် အဆင်ပြေနိုင်လေတော့ တစ်ရက်တစ်ခေါက်တော့နှိပ်ထားရအုံးမယ် ။
Splinterlands ကတော့ ဆော့လို့ကို မရတော့တဲ့ အခြေနေပါ ။ တစ်ခြား game အသစ်လေးတွေလဲ ရှိလားမသိဘူး ။
ရေးမယ်ဆိုပေမဲ့ power စုဖို့တော့ မစဉ်းစားနိုင်သေးပါဘူး ။ နောက်တစ်ပုဒ်မှ နည်းနည်း ရှည်ရှည် ရေးဖို့လုပ်ရမယ် ။ ဒီနားတင်လေး ရေးနေတာကို တော်တော် ကြာကြာ စဉ်းစားနေရတယ်လေ ။ တစ်ကျပ်ရရ ငါးမူးရရ နောက်တော့ မျက်စိနောက်အောင် မြန်မာ Hive က လူတွေကို လုပ်ရအုံးမယ် ။