Bootloader Unlock (Chapter 1)

in #hive-122133last month

Phone အသစ် ဝယ်ပြီး သကာလ ထုံးစံအတိုင်း custom ROM ပြောင်းဖို့ ကြံတော့၏။ Xiaomi က MIUI အစား Hyper os ဆိုပြီး ပြောင်းလဲ သွားခဲ့၏။ Redmi note 13pro က MIUI 14 နဲ့ ဖြစ်၏။ နို့ပေမယ့် Hyper os update ရ၏။ ဒါပေမယ့် ကျနော်ကကို MIUI & Hyper os ကို သဘောမကျနေခြင်း ဖြစ်၏။ China ROM ဆိုတော့ တရုတ် software တွေ app တွေ အတော်များများ ပါနေ၏။ EU, India, Global ROM တွေဆိုရင်တော့ တရုတ် app တွေ ပါမည် မဟုတ်ပေ။

Rising os သုံးရတာကို ကြိုက်ပေမယ့် AOSP base ROM တွေကို ထပ်သုံးဖို့ကကြ နည်းနည်း ပျင်းနေပြန်သေး၏။ Android 13 Rising os ကို သုံးဖူးပေမယ့် Android 14 & 15 base Rising os တော့ မသုံးဖူးသေးပေ။ သိပ်ပြီး ကွာမည်တော့ မဟုတ်ပေ။ Android version မြင့်သွားတယ်ရယ်၊ security update to date ဖြစ်တာရယ် လောက်သာ ရှိမည်။ ခု မျက်စိကျနေတာက Hyper os ကို Mod ထားသည့် Custom ROM တွေ ဖြစ်၏။

လက်ရှိမှာ 3,4,5 မျိုးတော့ တွေ့ထားပြီ။ ဘယ်တခုကို သုံးကြည့်ရမလဲကတော့ မဆုံးဖြတ်ရသေးပေ။ Mod version တွေမို့ customize လုပ်လို့ရတာ မူရင်း ROM ထက် ပိုများမည် ဖြစ်၏။ အထူးသဖြင့် AOSP တွေမှာ ရသည့် customize feature တွေ function တွေ ပါမည် ဖြစ်၏။ Google photos unlimited storage ရတဲ့ ဟာမျိုးတွေလိုပေါ့။ MIUI နှင့် Hyper os ကို ကြိုက်တာက ဂိမ်းကစားနေစဉ် phone လာပါက answer hand call free ရခြင်း ဖြစ်၏။ AOSP base custom ROM တွေမှာက အဆိုပါ function မပါပေ။ ဂိမ်းကစားနေစဉ် phone ဝင်လာပါက ဂိမ်းထဲက ထွက်သွားလေ့ ရှိ၏။

MIUI သာ ကောင်းကောင်း သုံးဖူးပြီး Hyper os မသုံးဖူးကြည့်ရသေး သဖြင့် Hyper os လေး စမ်းသုံးကြည့်ရမလားပေါ့။ မူရင်းလည်း မသုံးလို သဖြင့် mod version သုံးဖို့ တွေးလိုက်ခြင်း ဖြစ်၏။

ခုနောက်ပိုင်း custom ROM တွေက Hybrid ROM တွေ ဖြစ်လာပြီ ဖြစ်၏။ Fastboot ကနေပဲ တင်တင်၊ Custom Recovery ကနေပဲ တင်တင် ကြိုက်ရာ နည်းနဲ့ တင်လို့ရ၏။ (ယခင်က recovery ကနေသာ တင်လို့ရ၏) custom ROM တင်ဖို့ အတွက် Bootloader Unlock ဖြစ်နေဖို့ လို၏။ Xiaomi phone တွေမှာက MIUI account ရှိရင် Bootloader Unlock ကို official လုပ်လို့ရ၏။ 2018-19 ထုတ် phone တွေမှာတော့ unlock ချက်ချင်းရပေမယ့် နောက်ပိုင်းထုတ် phone တွေမှာတော့ ချက်ချင်း မရဘဲ တပတ်လောက် စောင့်ရလေ့ ရှိ၏။ ကျနော့် cc9 တုန်းကဆို တပတ် ‌စောင့်ရ၏။ Unlock လုပ်ရင် data တွေ အကုန်ပျက်၏။ ထို့ကြောင့် data တွေ backup ယူထားဖို့တော့ လို၏။

(ဆက်ရန်)
Photos created by Canva

Sort:  

!LOLZ
!MEME

Scientists just discovered a cow-like plant.
They’re calling it a BO-VINE.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.