Come on Aston Villa

in #hive-12213312 days ago

ဒီနေ့ည မြန်မာစံတော်ချိန် ည 7 နာရီခွဲမှာတော့ Aston Villa vs Manchester United တို့၏ ပွဲစဉ် ကို ကြည့်ရတော့မည် ဖြစ်၏။ United fan ပေမယ့် ဒီနေ့မှာတော့ Aston Villa ကို အားပေးရပေလိမ့်မည်။ သမိုင်းမှာ ပထမဆုံး အနေနဲ့ ကိုယ့်အသင်းနဲ့ ကစားမည့် ပြိုင်ဖက်အသင်းကို အားပေး ဖြစ်ခြင်း ဖြစ်မည်။ ကြည့်တော့ မကြည့် ဖြစ်လောက်ပေ။ Goal ရလဒ်လောက်သာ ဝင် စစ် ဖြစ်လောက်မည်။ အဓိကက United ရှုံးဖို့။ သို့မှာသာ Ten Hag ထုတ်ပယ် ခံရနိုင်မည် မလား။

Ten Hag ပေးခဲ့သည့် ဒုက္ခတွေက နည်းမှ မနည်းပဲကိုး။ ဖလား ရ‌တာက ရတာပဲ၊ ကစားပုံ ကစားကွက်က ဘယ်လိုမှ အဆင်မပြေနေပေ။ တခါတလေ သူ့မှာ Second plan (Plan B) မရှိဘူးလို့ ထင်မိ ပြန်၏။ လိုအပ်နေချိန်မှာ လူစားလဲလှယ်မှု၊ ကစားကွက် အပြောင်းအလဲ လုပ်နိုင်မှုက အင်မတန် အားနည်းလှ၏။ သူ့ လက်ထဲ United ပွဲတွေ ကြည့်ပြီး စိတ်ချမ်းသာခဲ့ရသည့် ပွဲက လက်ချိုး ရေလို့ရ၏။ ဒီကာလကြီးမှာ စိတ်ညစ်စရာတွေ များပါတယ်ဆိုမှ စိတ်ဒုက္ခ ထပ်ပေးသည့် Ten Hag ပင်။ ဒါတောင် ကျနော်က ဘောလုံးပွဲကို မလောင်းဘဲ ရိုးရိုးတန်းတန်းသာ အားပေးလေ့ ရှိ၏။ လောင်းများလောင်းမိပါက ပို၍ပင် ပူလောင်ရပေလိမ့်မည်။

မနေ့ညက ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ အားလုံး အနိုင်ရခဲ့ကြ၏။ Liverpool, Manchester City, Arsenal တို့ ပြိုင်ဖက်တွေကို အသီးသီး အနိုင်ကစားခဲ့ကြ၏။ ဒီညမှာတော့ Man United, Chelsea, Tottenham တို့၏ ပွဲစဉ်တွေ ရှိနေ၏။

ချန်ပီယံ စိန်ခေါ်ဖို့ မပြောနဲ့ လက်ရှိ အနေအထားက ဇယားအထက်ပိုင်းလေး ပြန်ရောက်ဖို့တောင် အတော်လေး ရုန်းကန်ရဖို့ ရှိနေ၏။ ဘယ်လိုပဲ နေနေ ဒီနေ့ပွဲမှာတော့ United ရှုံးဖို့လို၏။ Ten Hag ထွက်မှပဲ အသင်း ပြန်အဆင်ပြေမည်လို့ ကျနော်ကတော့ ယုံကြည်၏။ 2 နှစ်တာ အချိန်အတွင်း ဖလား 2 လုံးရခဲ့တာက လွဲလို့ လောက်လောက်လားလား ကစားဟန် ကစားကွက်ကို မမြင်ခဲ့ရပေ။ အရှိန်အဝါ ကြီးမားခဲ့သည့် အသင်း၏ ပုံရိပ်လည်း ကျဆင်းခဲ့ရပြီ ဖြစ်၏။

Ten Hag အလွန် ဘယ်နည်းပြ လာမလဲကတော့ စိတ်ဝင်စားစရာပင်။

Sort:  

!LOLZ
!MEME

Where do bad rainbows go?
Prism, it's a light sentence.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(2/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.