EPL Week 10 ရဲ့ ပွဲစဉ် 6 ပွဲကို မနေ့က စနေနေ့မှာ ကစားသွားခဲ့ပါတယ်။ ဒီနေ့ မနက် 12 နာရီမှာ Wolves vs Crystal Palace တို့ ပွဲစဉ်လည်း ကစားသွားခဲ့တော့ 7 ပွဲ ကစားပြီးသွားပြီလို့ ပြောလို့ရပါတယ်။ 7 ပွဲမှာ သရေပွဲ 2 ပွဲသာ ပါပြီး ကျန် 5 ပွဲကတော့ အနိုင်အရှုံး အဖြေ ပေါ်ခဲ့ပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ Arsenal ကော Man City ကော ပြိုင်ဘက် အသင်းတွေကို အရှုံးပေးခဲ့ကြရပါတယ်။ Arsenal က New Castle ကို 1-0 နဲ့ Man City က Bournemouth ကို 2-1 ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။
အဆိုပါ 2 သင်းရဲ့ အရှုံးကို အခွင့်အရေးယူသွားနိုင်တဲ့ အသင်းကတော့ Liverpool ပဲ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ Brighton ကို 2-1 ဂိုးဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် 1 နေရာကို ပြန်လည် ရယူသွားနိုင်ခဲ့ပါတယ်။
ဒီနေ့ ည မြန်မာစံတော်ချိန် ည 8 နာရီခွဲမှာတော့ Tottenham vs Aston Villa နဲ့ ည 11 နာရီမှာတော့ Man United vs Chelsea တို့ ကစားသွားဖို့ ရှိနေပါတယ်။ Aston Villa ကသာ Tottenham ကို အနိုင်ရသွားမယ် ဆိုရင် လက်ရှိ အဆင့် 5 နေရာကနေ အဆင့် 3 နေရာကို တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ထို့အတူပဲ Chelsea အနေနဲ့ Man United ကိုသာ အနိုင်ရခဲ့မယ် ဆိုရင် လက်ရှိ အဆင့် 6 နေရာကနေ အမှတ်ပေးဇယား၏ ထိပ်ပိုင်း နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ United ရဲ့ ယာယီ နည်းပြက Ruud ပါ။ Leicester City နဲ့ပွဲတုန်းကလိုသာ United ကစားခဲ့မယ်ဆိုရင် Chelsea တို့ အနေနဲ့ United ကို အနိုင်ကန်ဖို့ ခက်ပါလိမ့်မယ်။ ယာယီ နည်းပြပေမယ့် Ruud ရဲ့ ဦးဆောင်မှု အောက်မှာ အသင်းက မြန်မြန်ပဲ တည်ငြိမ်လို့လာခဲ့ပါတယ်။ ချီးကျူးဖို့ စောနေသေးပေမယ့် Ruud တယောက် United ကို ဆွဲတင်ပေးပါလိမ့်မယ်။
Come on United. Let win the Game.