ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားသွားသည့် England Women League Cup Round 3 မှာ Man United women အသင်းက New Castle United women အသင်းကို 5-3 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ Group A မှာ 3 ပွဲကစားပြီး 3 ပွဲနိုင်ဖြင့် နောက်တဆင့် ကို တက်လှမ်း သွားခဲ့ပြီ ဖြစ်၏။ ရှုံးထွက် အဆင့်မှာ ဘယ်အသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမလဲကတော့ မသိရသေးပေ။
Man United women အသင်း အနေနဲ့ အသင်း စတည်ထောင်ခဲ့သည့် 2018 ကနေ စလို့ တကြိမ်မှ League Cup မှာ ဗိုလ်စွဲထားခြင်း မရှိသေးပေ။ ဗိုလ်မစွဲသလို ဗိုလ်လုပွဲထိလည်း မရောက်ခဲ့ပေ။ League Cup မှာ ဗိုလ်မစွဲပေမယ့် Women FA Cup မှာတော့ ဗိုလ်စွဲထားခဲ့ဖူး၏။ ပြီးခဲ့သော 2023/24 ရာသီမှာ ဗိုလ်စွဲထားခဲ့ခြင်း ဖြစ်၏။ အမှတ်ပေး ဖလား (WSL) နဲ့ League Cup မှာတော့ ဗိုလ်စွဲထားဖူးခြင်း မရှိသေးပေ။
WSL မှာတော့ Chelsea women, Arsenal women, Man City women အသင်းတို့နဲ့ အပြိုင်ယှဉ်ကစားနိုင်ပေမယ့် ရင်ဆိုင်ကျော်ဖြတ်ပြီး ဗိုလ်စွဲထားနိုင်ခြင်းတော့ မရှိသေးပေ။ 2022/23 ရာသီမှာတော့ အမှတ်ပေးဖလားမှာ အမြင့်ဆုံး အနေနဲ့ ဒုတိယအဆင့်ထိ ရယူခဲ့ဖူး၏။ ဒီနှစ်မှာလည်း WSL မှာ ချန်ပီယံ ဖြစ်ဖို့က မသေချာတော့ပေ။ အဆင့် 1 က Chelsea women နဲ့ 9 မှတ် ကွာနေခဲ့၏။ လက်ရှိမှာ 9 ပွဲထိ ကစားပြီး ဖြစ်၏။ 22 ပွဲ ကစားကြရမှာမို့ 13 ပွဲတော့ ကျန်သေး၏။ Chelsea ခြေချော်ခဲ့ရင်တော့ ဖြစ်နိုင်ပါသေး၏။ Chelsea က ခြေချော်ပြီး Man City women နဲ့ Arsenal women အသင်းတို့ကိုပါ ကျော်ဖြတ်နိုင်ဖို့ လိုသေး၏။
နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁၂ နာရီ ၁၅ မိနစ်မှာတော့ Viktoria Plzen vs Man United တို့၏ ယူရိုပါလိဂ် ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ EPL မှာ ၂ ပွဲဆက် ရှုံးပွဲတွေ့ထားမှုကို အဆုံးသတ်ဖို့ လိုမည် ဖြစ်၏။ ယူရိုပါလိဂ် အမှတ်ပေး ဇယားမှာ သူတို့ ၂ သင်းက အထက်အောက် အနေအထား မှာ ရှိနေ၏။ အမှတ်တူ ဂိုးကွာခြားချက်နဲ့ United က အဆင့် ၁၂ နဲ့ Viktoria Plzen က အဆင့် ၁၃ မှာ ရပ်တည်နေ၏။
United တို့ အနေနဲ့ Round of 16 အဆင့်ကို play off ဝင်ခွင့် သေချာသော်လည်း play off အစား တိုက်ရိုက် ဝင်ခွင့်ရဖို့ လက်ကျန်ပွဲတွေ အနိုင်ကစားပြီး အမှတ်တွေ ရသလောက် ယူထားဖို့ လို၏။ Play off သာ ထပ်ကစားရဦးမည်ဆိုရင် အသင်း အနေနဲ့ ပွဲပန်းသည့် ဒဏ် ခံရနိုင်၏။ နည်းပြသစ် Amorim တယောက် ဖိအားတွေ ကနေ လွတ်ဖို့ ယခုပွဲစဉ်ကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။
(photo from Manchester United men & women Facebook page)