Phone လေး ကွဲနေတာ ကြာခဲ့ပြီ။ ပြင်ရမလား၊ အသစ်ဝယ်ရမလား ဝေခွဲ မရနေတာလည်း ကြာပြီ။ အသစ်ဆိုပေမယ့် လုံးဝ အသစ်တော့ မဝယ်နိုင်ပေ။ Second hand သာ ဝယ်နိုင်မည်။ ယခင်က 3,4 သိန်းနဲ့ midrange phone တလုံး ကောင်းကောင်းရပေမယ့် ယခု အဲ့ဈေးနေ့ဆို entry level သာသာလောက် phone သာ ရနိုင်တော့၏။ phone ပြော၊ message ပို့၊ social media အတွက်လောက်သာ သုံးလို့ရမည် ဖြစ်၏။
ကျနော့် ကွဲသွားသည့် cc9 phone လို soc ပါဝင်သည့် phone မျိုးဆို ဒီဘက်ခေတ် ဈေးနဲ့ ဆယ်သိန်း ဝန်းကျင်လောက် ပေါက်ပေလိမ့်မည်။ ယခင် ဈေး ကျနော် ဝယ်တုန်းကတော့ 3 သိန်းသာ ပေးရ၏။ ငွေဈေးက ကျသွားလိုက်တာ ရက်ရက်စက်စက်ပင်။ ဘဘကြီး ကျေးဇူးတွေပေါ့။
phone service လုပ်သည့် သူငယ်ချင်း ကလည်း second hand အသန့်သာ ဝယ်သုံး စေချင်၏။ လက်ရှိ phone ကို ပြင်ပြီး အကြမ်းသုံးချင်လည်း သုံး ဒါမှမဟုတ် မှန်မလဲဘဲ board သက်သက်ပဲ ရောင်းချင်ရောင်းပေါ့ ဆိုပြီး အကြံပေး၏။ အမကြီးနဲ့ အမငယ်ကလည်း ငါတို့ပေးမယ် second hand အသန့်သာ ရှာဝယ်လိုက်ဆိုပြီး ပြောနေသဖြင့် ထိုသို့ လုပ်ဖို့သာ ရွေးလိုက်တော့၏။
အမတွေက ပေးမယ်ဆိုပေမယ့် အများကြီး ကျနေမည် စိုးသဖြင့် ကိုယ့် ရှိသည့် tokens လေး နည်းနည်း ရောင်းဖို့ ပြင်ရ၏။ ဒီကြားထဲ binance က ဝင်မရ ပြုမရ ဖြစ်လိုက်သေး၏။ VPN ခံမှ ရ၏။ cirus ကနေ ရထားသည့် USD (data earning) က Doge ပြောင်းမရနေပေ။ ဘာကြောင့်ရယ် မသိ။ ရှေ့တခါတုန်းက ရ၏။ ရှိစေတော့ ပြီးမှ ထပ်လုပ်ကြည့်တော့မည်။
ရှာတွေ့ပြီ ကြိုက်သည်ဆိုတာနဲ့ တန်းဝယ်လို့ ရအောင် ငွေ ပြင်ထားဖို့ လိုသည် မဟုတ်လား။ ကံဆိုးခဲ့ပြီးပြီမို့ ကံကောင်းချိန်တန်ပြီ ထင်ပါရဲ့။