အဆင် မပြေသေးသည့် phone အကြောင်း ဆက်ပါဦးမည်။ (ခုတော့ အဆင်ပြေသွားခဲ့ပါပြီ။) Redmi note 13 pro နဲ့ Redmi note 12 turbo ကို ဝယ်ဖို့ ရွေးထား၏။ အသစ်တော့ မဟုတ် second ပေါ့။ turbo ကို ပိုကြိုက်ပေမယ့် turbo က Ram အမြင့်တွေချည်း ရောင်းနေတာ တွေ့ရ၏။ ဈေးတွေက ကျနော် မတက်နိုင်ပေ။ ပြီး ram 12, 16 တွေက ကျနော့် အတွက် လိုမှ မလိုဘဲကိုး။ ram 8 လောက်ဆို ကျနော်က ရပြီ။ ပြီး phone က ram များလည်း စွမ်းဆောင်ရည်က ထူးပြီး ကောင်းလာတာမှ မဟုတ်ဘဲကိုး။ Android fan ပေမယ့် Android တွေ ram ဘယ်လောက် များများ iPhone ကို မမှီတာကတော့ အမှန်တရား တခုပင်။
Turbo ကို လက်လျော့လိုက်ပြီးနောက်မှာတော့ 13 pro ကိုပဲ ဦးတည်ထားလိုက်၏။ တရက်မှာ သူငယ်ချင်းက ပုံပို့လာ၏။ ဆိုင်တခုမှာ Redmi note 13 pro 5G ရောင်းမယ် တင်ထား၏။ ဈေးက အတော်လွတ် (ဝယ်ရောင်းအခေါ်) သည် ဆို၏။ ဈေးသက်သာတာပေါ့ဗျာ။ second ဈေးတွေရဲ့ ပေါက်ဈေးထက်ကို သူက သက်သာနေတာ။ သူငယ်ချင်းက သွားကြည့်ကြမလား ဆိုတာနဲ့ သွားကြည့် ဖြစ်၏။
Phone only ပဲ၊ charger တွေ၊ box တွေ မပါပေ။ နောက်ဖုံးတော့ လဲထား၏။ ဆိုင်ကသူက ထိုအချက်ကို မပြောပေ။ သူငယ်ချင်းက မေးမှ ပြောပြခြင်း ဖြစ်၏။ ကျနော့် သူငယ်ချင်းက phone service လုပ်သူ ဆိုတော့ ထိုအချက်ကို သူက မြင်၏။ ပြီး ရှေ့မှန်မှာ ခြစ်ရာ၊ အစင်းရာလေး တခုတော့ ပါနေ၏။ original မှန်မို့ သိပ်တော့ ကိစ္စ မရှိဟု သူငယ်ချင်းက ပြော၏။ နောက်ဖုံး ကိစ္စက ကွဲနေလို့ လဲထားတာ ဆို၏။ original အဖုံးပဲ ထည့်ထားသည် ဆို၏။ အဖုံးပဲ လဲတာ ကျန် စက်ပိုင်း ဘာမှ မထိထားဟု သူက ဆို၏။
သူငယ်ချင်းက စိတ်တိုင်းကြ စစ်ကြည့်ပြီး ဈေးတန်နေတော့ ယူချင် ယူလိုက်ဖို့ ပြော၏။ သို့နှင့် ကျနော်လည်း ယူလာခဲ့လိုက်၏။ ram 8/256 ဖြစ်၏။ အာမခံ တလပေး၏။ ၃ သိန်းအောက်က တပတ်၊ ၃ သိန်း အထက်ဆို တလ အာမခံ ပေးသည် ဆို၏။ အခြား second ဆိုင်တွေထက် အာမခံ ပိုပေးထားသည်ဟု ပြောလို့ရ၏။ ကျနော်သိသလောက်တော့ တပတ်၊ ၁၅ ရက်သာ ပေးကြ၏။
Error တခုခု ကြုံခဲ့ရင်လည်း ပြန်လာလို့ ရနေသည်မို့ ယူလာခဲ့လိုက်၏။ App တွေသွင်း ဘာညာ လုပ်ပေါ့။ phone ကလိနေကြ ကျနော့် အတွက် data သွင်းရ ပြုရတာက သိပ် အခက်ကြီးတော့ မဟုတ်နေပေ။
ဆက်ရန်