မနေ့က မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲမှာ Al Ittihad vs Al Nassr တို့၏ Saudi Arabia pro league ပွဲစဉ် Round 13 ကစားသွားခဲ့ပါတယ်။ သူငယ်ချင်းဟောင်း၊ အသင်းဖော်ဟောင်းတွေ ပြန်တွေ့ကြသည့် ပွဲဟုလည်း ဆိုလို့ရမည်။ Ronald နဲ့ Benzema တို့ ပြန်လည် ဆုံကြသည့်ပွဲပေါ့။ ပြန်ဆုံတယ် ဆိုပေမယ့် ပြိုင်ဘက်တွေ အဖြစ်နဲ့ ဆုံကြတာ ဖြစ်ပါတယ်။ ချန်ပီယံ ပြေးလမ်း ပေါ်မှာ ရှိနေတဲ့ အသင်း နှစ်သင်း ထိပ်တိုက် ဆုံကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။
Al Ittihad ထက်စာရင် Al Nassr အတွက် ဒီပွဲက ပို အရေးကြီးပါတယ်။ သူတို့ အနိုင်ရမှသာ အမှတ်ကွာဟချက်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ Al Ittihad က အဆင့် ၁ မှာကိုး။ တကယ် ကစားချိန်မှာ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ အပြန် အလှန် တိုက်စစ်ဆင်မှုတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ သွင်းဂိုးတွေ မမြင်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ ပိုမို အကြိတ်အနယ် ရှိလာပြီး အပြန်အလှန် ဂိုးတွေ သွင်းခဲ့ကြပါတယ်။ အခွင့်အရေးတွေကို ပိုသေချာ အသုံးချနိုင်ခဲ့တဲ့ Al Ittihad ကပဲ 2-1 ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
Al Nassr အနေဖြင့် ယခုပွဲ ရှူံးနိမ့်မှုကြောင့် အဆင့် 1 က Al Ittihad နဲ့ 11 မှတ်ထိ ကွာဟ သွားခဲ့ရပြီ ဖြစ်၏။ ချန်ပီယံ အိပ်မက်လည်း ပြီးသွားခဲ့လေပြီဟု ဆိုရမည် ဖြစ်၏။ ချန်ပီယံဆု အတွက် Al Ittihad နဲ့ Al Hilal တို့သာ ဆက်လက် ယှဉ်ပြိုင်သွားရဖို့ ရှိနေ၏။
နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁၂ နာရီမှာတော့ Man United vs Nottm Forest တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ ကြားရက် ပွဲစဉ်တုန်းက Arsenal ကို 2-0 နဲ့ ရှုံးခဲ့တဲ့ United အတွက် ယခု ပွဲစဉ်ကနေ နိုင်ပွဲ ပြန်ရအောင်ယူဖို့ လိုမည် ဖြစ်၏။ နိုင်မယ်လို့တော့ မျှော်လင့်ပါရဲ့။ တပွဲထက် တပွဲ ကစားပုံ ပိုမို ကောင်းမွန်လာတာ မှန်ပေမယ့် Arsenal နဲ့ ပွဲမှာတော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နည်းပြသစ် Amorim ကို အချိန်ပေးရဦးမှာကို သိပေမယ့် ပရိတ်သတ်တွေ ဆိုတာမျိုးကလည်း နိုင်နေတာပဲ လိုချင်တာ မလား။