ဒီနေ့တော့ စာရေးဖို့ကို ပျင်းနေခဲ့၏။ ကြိုရေး ကိစ္စက စိတ်သာကူး၊ စိတ်သာ ရှိတာ တချို့ရက်တွေမှာ မရေး ဖြစ်နေပေ။ ပိုစ့်တင်ခါနီး အချိန်မှ ကပ်ကပ်ပြီး ရေး တင်ဖြစ်၏။ ဒါတောင် တချို့ရက်တွေမှာ မရေးဖြစ်လို့ မတင် လိုက်ရတာမျိုးလည်း ရှိ၏။ ယခင်က ပိုစ့် မတင် ဖြစ်ရင် သိပ်ကိစ္စ မရှိလှပေမယ့် ယခု Hive ဈေးအရ ပိုစ့် မတင် ဖြစ်ရင် နစ်နာသည်ဟု ခံစားရနေမိ၏။ အမှန်တော့ ဈေးနည်းချိန် ဖြစ်ဖြစ်၊ များချိန်ပဲ ဖြစ်ဖြစ် ပိုစ့် မတင်ဖြစ်ရင် နစ်နာတာက နစ်နာတာပါပဲလေ။ ပြန်ရောင်းဖို့ ဘာညာ အတွက် မဟုတ်ရင်တောင် Hive power စုဖို့ အတွက်က ရှိသေးသည် မဟုတ်လား။
ဈေးတက်နေချိန်ဆို သူများက ကိုယ့်ကို vote ပေးတာကော၊ ကိုယ်က သူများကို vote ပေးရတာကော အားရလှပေ၏။ ဒါတောင် မိမိရဲ့ vote ပေးနိုင်စွမ်းက သိပ်အများကြီး မရှိသေးပေ။ တချိန်တော့ မိမိကို vote လာပေးသူတွေလို ကိုယ်လည်း ပြန်ပေး နိုင်ရမယ် ဆိုသည့် စိတ်မျိုး မွေးထား၏။ Hive ဝယ်ထည့်ပြီး power များလာအောင် မလုပ်နိုင်ရကား ကိုယ့်ကို စာလေးရေး ပိုစ့်လေးတင်ရင်းသာ စုဖို့ ရှိ၏။ ထို့ကြောင့် တရက်ပျက်ရင် တရက်စာ သိသာသည်ဟု ဆိုရခြင်း ဖြစ်၏။
တရက်တပိုစ့်ကြောင့် တချို့ရက် တချို့ပိုစ့်တွေက အကြောင်းအရာ ကောင်းကောင်း မပါဘဲ ဒီအတိုင်း သာမန်အကြောင်းလေးတွေကို ချဲ့ကားပြီး ရေးရတာမျိုးလည်း ရှိ၏။ ဘောလုံးအကြောင်းရေးလိုက် Airdrop တွေ အကြောင်း ရေးလိုက်နဲ့ ခုထိတော့ တလိုင်းထဲ တမျိုးထဲ မရေးဖြစ်သေးပေ။ တချိန်တော့ ကျနော့် နာမည် မြင်တာနဲ့ သူက ဘာအကြောင်း ရေးတဲ့သူလေ ဆိုပြီး သိနိုင်စေဖို့ ကြိုးစားရပေလိမ့်ဦးမည်။
လျှပ်စစ်မီးက မမှန်ပုံနဲ့တော့ Wifi သုံးရတာလည်း အဆင်က မပြေပေ။ ဒီကြားထဲ စာက ကောင်းကောင်း မရေး ဖြစ်နဲ့ ဟုတ်တော့ ဟုတ်နေ၏။ မီးပျက်ရင် internet line ကပါ ကျသွားလေ့ ရှိပြန်၏။ နဂိုကမှ လိုင်းက မကောင်းပါဘူး ဆိုနေမှ။ ကိုယ်က ပျင်းပျင်းနဲ့၊ မီးက မမှန် လိုင်းက မကောင်းနဲ့ ဟုတ်နေရော။ မည်သို့ပင် ဆိုစေကာမူ ပျင်းနေသည့် စိတ်ကို တွန်းလှန်ရင်း မိမိ၏ နေ့စဉ် လုပ်ဆောင်မှုကို မပျက်ကွက်ဖို့ တွေးထားပါ၏။