ဒီတပတ်မှာတော့ လိဂ်ပွဲစဉ်တွေ မရှိပေ။ နိုင်ငံတကာ ပွဲစဉ်များ ကစားမည် ဖြစ်သဖြင့် လိဂ်ပွဲစဉ်များ မရှိခြင်း ဖြစ်၏။ သန်းခေါင်ကျော် ညနက် ချိန်တွေ ဖြစ်နေတော့ ကြည့်ဖို့ရာ ခက်နေ၏။ အင်း လပြည့်နေ့ကြီးပါ ဆိုနေမှ ပျင်းစရာကြီး ဖြစ်ပေတော့မည်။ ပွဲက မလည်ဖြစ်ပါဘူး ဆိုနေ။ ဒီအတိုင်း သူငယ်ချင်းတွေနဲ့ ဆုံပြီး စကားလေး ဘာလေး ပြောကာ အနားယူရင် ကောင်းမယ်ထင်။
ဒီမနက် ကစားသွားသည့် Paraguay Vs Argentina တို့၏ World Cup qualification ပွဲစဉ်မှာ Paraguay က Argentina ကို 2-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ထိုပွဲစဉ်က ထူးခြား၏။ ပွဲမတိုင်ခင်မှာ Paraguay တာဝန်ရှိသူများက Messi & Argentina Jersey မဝတ်လာဖို့ ထုတ်ပြန်ထား၏။ ဆန်းကြယ်လှ၏။ ရှုံးသွားပေမယ့် Argentina တို့ ဇယားထိပ်မှာ ဆက်လက် ဦးဆောင် နေသေး၏။
Conmebol zone မှာ ယှဉ်ပြိုင်နေသည့် အသင်း 10 သင်း ရှိ၏။ ဇယားထိပ်ပိုင်းမှာ Argentina, Colombia, Brazil, Uruguay, Ecuador, Paraguay, Venezuela တို့ အစဉ်အတိုင်း ရပ်တည်နေကြ၏။
Asia (AFC) zone မှာ ပါဝင်နေသည့် ကျနော်တို့ မြန်မာ အသင်းက 6 ပွဲကစားပြီး 1 ပွဲ သရေ၊ 5 ပွဲရှုံးဖြင့် ဇယား အောက်ဆုံးမှာ ရပ်တည်နေ၏။ ဂုဏ်ယူပါတယ် ရွှေမြန်မာရေ။ ဒီ အနေအထား၊ ဒီ ခြေစွမ်းနဲ့ကတော့ ဒီလောက်ပဲ ရပေလိမ့်မည်။