Round 25

in #hive-1221336 days ago

ဒီနေ့မှာတော့ EPL Round 25 ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲမှာတော့ Brighton vs Chelsea တို့၏ ပွဲစဉ် ယှဉ်ပြိုင် ကစားသွားခဲ့၏။ Brighton အသင်းက 3 ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့၏။ ပြီးခဲ့သော တပတ် FA ဖလား Round 4 ပွဲစဉ်မှာ ယခု နှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့၏။ အဆိုပါ ပွဲစဉ်မှာလည်း Brighton အသင်းကပဲ 2-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ Chelsea အဖို့ နှစ်ခါ ဆက်တိုက်တွေ့ နှစ်ခါလုံး ရှုံးသွားတာကတော့ ခံရခက်ကြီးရယ်။

အစောပိုင်းက အမှတ်ပေး ဇယား၏ အဆင့် 2 နေရာထိ တက်လှမ်း နိုင်ခဲ့သည့် Chelsea တို့ တဖြည်းဖြည်းနဲ့ အဆင့် 4 နေရာသို့ ပြန်ဆင်းသွားခဲ့၏။ သူများသာ ပြောနေ ကိုယ်တွေ United က ဘာထူးသေးလို့လဲ။ အဆင့် 10 အထက်ကို မတက်လာသေးဘူးရယ်။ 12, 13 နားမှာပဲ တဝဲလည်လည် လုပ်နေခဲ့တာ ကြာခဲ့ပေါ့။ နိုင်တလှည့် ရှုံးတလှည့်နဲ့ ပရိတ်သတ်ကို စိတ်ဒုက္ခ ပေးနေခဲ့တာလည်း ကြာခဲ့ပြီ။ United ပွဲစဉ်ကတော့ နက်ဖြန်မှ ဖြစ်၏။ Tottenham နှင့် အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

ဒီတပတ်ကော ဘယ်လို ရလဒ် ထွက်ပေါ် လာဦးမလဲ မပြောတတ်သေးပေ။ EPL ဆို သိပ်မမျှော်လင့်ထားရဲပေ။ နိုင်မယ် ထင်ထားလည်း ရှုံးချင်ရှုံး၊ ရှုံးမယ်ထင်ထားတော့လည်း ရှုံးနဲ့ကိုး။ လက်ရှိမှာ သူတို့ နှစ်သင်းက အထက်အောက်။ United က 29 မှတ်နဲ့ အဆင့် 13 မှာ Tottenham က 27 မှတ်နဲ့ အဆင့် 14 မှာ ရပ်တည်နေ၏။ Everton နဲ့ West Ham ကလည်း 27 မှတ်စီနဲ့ အဆင့် 15 နှင့် အဆင့် 16 နေရာကနေ ဖိအားပေးနေ၏။

United တို့ ဒီရာသီမှာ Top 4 ဝင်ဖို့ကတော့ မဖြစ်နိုင်တော့ပေ။ 1 to 10 ဝင်ဖို့ပဲ မှန်းရတော့မည်ထင်။ ချန်ပီယံလိဂ် ကန်ခွင့်နဲ့ လွဲပြီ။ ယူရိုပါလိဂ် ကစားချင်သေးရင်တော့ FA ဖလားကို အရယူထားဖို့ လိုမည်။ FA ဖလားသာ မရခဲ့ရင်တော့ နောက်ရာသီမှာ ဥရောပလိဂ် ပြိုင်ပွဲတွေ ကစားခွင့်ရမည် မဟုတ်ပေ။ United ၏ ခေတ် ပြန်လည် ရောက်ရှိလာဖို့ကို မျှော်လင့်ရင်း ဆက်လက် အားပေး နေပါဦးမည်။

(photos from EPL Facebook page)

Sort:  

!hiqvote

ဘောလုံးပွဲသတင်းကတ အစ်ကို့ဆီက သိနေရတာ တော်သေးတာပေါ့...
!LOLZ
!LUV
!MEME

@donjaun, @uthantzin(5/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

Made with LUV by crrdlx

I called the Tinitutus Helpline.
It didn't stop ringing.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin

(5/10)

PLAY & EARN $DOOM

အဟီး
ကျနော်လည်း ရေးစရာ မရှိ ရှာကြံရေးနေတာကြီး။
😅

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻