ယာယီ နည်းပြ Ruud လက်ထက်မှာ United တို့ ခုထိ ရှုံးပွဲ မရှိ ခရီးဆက်နေ၏။ သူ့ လက်ထက်မှာ ၃ ပွဲ ကစားပြီး ၂ ပွဲနိုင်၊ ၁ ပွဲ ရလဒ် ရအောင် စွမ်းဆောင်ထား၏။ ဒီနေ့ မနက် ၂ နာရီခွဲမှာ ကစားခဲ့သည့် Greece ကလပ် PAOK နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ 2-0 ဖြင့် အနိုင်ရခဲ့ပါတယ်။ 2 ဂိုးလုံးကို လူငယ် ကစားသမား Amad Diallo က ပွဲချိန် 50 နဲ့ 77 မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ United တို့ ယူရိုပါလိဂ် ပွဲစဉ် ၃ ပွဲ မြောက် အရောက်မှာမှ နိုင်ပွဲ စတင်ရခဲ့ပါတယ်။ သရေပွဲတွေကို အဆုံးသတ်နိုင်ခဲ့ပါပြီ။
နည်းပြသစ် Amorim ရောက်လာရင် Ruud ဆက်ရှိနေမလား မရှိနေတော့ဘူးလားကတော့ မပြောတတ်သေးပေ။ ကနဦးတုန်းကတော့ Amorim ရောက်လာတာနဲ့ United ကနေ သူ ထွက်ခွာမယ် ပြောထားပေမယ့် ခုတခါမှာတော့ အသင်းမှာ ဆက်နေပြီး လိုအပ်တာတွေ ကူညီ ပေးချင်တယ်လို့ စိတ်ပြောင်း သွားပါတယ်။ Ruud သာ ဆက်နေဖြစ်ရင် ဘယ်ရာထူး ဘယ်နေရာနဲ့ နေမလဲက စိတ်ဝင်စားစရာပါ။ နည်းပြသစ် Amorim က သူ့ နည်းပြ အဖွဲ့ဝင်တွေ နှင့်အတူ လာမှာ ဆိုတော့။
Ten Hag အလွန် United ကတော့ အခြေအနေ ကောင်းနေပါတယ်။ ဒါကလည်း နည်းပြ ပြောင်းတိုင်း ဖြစ်နေကြပါပဲ။ အရင် သမိုင်းတွေလည်း ရှိခဲ့တာကိုး။ ယာယီ နည်းပြ လက်ထက်မှာ ကောင်းတယ်။ အမြဲတမ်း နည်းပြလာရင် ဂွမ်းရော။ Amorim လက်ထက်မှာတော့ ထိုသို့ မဖြစ်ဖို့ မျှော်လင့်မိ၏။ United ၏ ခေတ် ပြန်လာသင့်နေပြီ မဟုတ်လား။ အတိတ်က အောင်မြင်မှုတွေကို ပြန်ပြီး လွမ်းဆွတ်နေရတာက အဆင်မပြေပေ။ အတိတ်ကနေ နိုးထဖို့ အချိန်တန်လေပြီ။ Amorim တယောက် တချိန်က United ကို ပြန်လည် ပုံဖော် ပေးနိုင်ဖို့ မျှော်လင့်မိပါ၏။
လာမယ့် Sunday မှာတော့ EPL Week 11 ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ Leicester City အသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေ၏။ EFL cup တုန်းက United က 5-2 ဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။ ယခု တဖန် ပြန်လည် တွေ့ဆုံမှုမှာကော United ကပဲ ထပ်မံ အနိုင်ရသွားမလား၊ Leicester City ကပဲ ရှုံးကြွေး ပြန်ဆပ်သွားမလားကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။