Bitget က ရယ်ရသား။ verify က ရချင်တဲ့သူ ရတယ်။ မရချင်ရင်လည်း မရဘူးရယ်။ သေချာ ဂရုစိုက် လုပ်လည်း ရချင်မှ ရတယ်၊ ဂရုမစိုက်ဘဲ တင်ချင်သလိုတင်ရင်လည်း ရချင်ရနေပြန်ရော။ ဘာတဲ့ တယောက်ဆို မျက်နှာ scan ဖတ်မို့ လုပ်နေရင်း camera ကို မိုးထောင်မိလိုက်တာ၊ အဲ့တာကြီးကို scan ဖတ်သွားရောတဲ့။ ပြီး verified ဖြစ်သွားရောတဲ့ အဆန်းကြီး။
အသိတယောက်ဆိုလည်း တရက်သားက လုပ်တာ 3, 4 ခေါက် မရတော့ ရပ်ထားသည် ဆို၏။ မနေ့က ပြန်တင်ကြည့်တော့ ရသွားသည် ဆို၏။ ကျနော် တယောက်သာ ခုထိ မရနေသေးပေ။ ဆိုးပါ့။ Bitget ပဲ စိတ်ရောက်နေတာနဲ့ စာလည်း ကောင်းကောင်း မရေးဖြစ်ပေ။ စိတ်တွေ များနေတာနဲ့ပဲ fantasy premier league ဘက်လည်း မလှည့်ဖြစ်ပေ။ အသင်းက ဘယ်လိုတွေ ဖြစ်နေပြီတောင် မသိပေ။ ကိုယ့် ကစားသမားတွေ အသင်းပြောင်းကုန်တာတွေလည်း ရှိ၏။ ဒါကို update လုပ်ဖို့ လိုသေး၏။
Premier League အကြောင်း ပြောမှ မနေ့က ကိုယ်တွေ United ကလည်း အိမ်ကွင်းကြီးမှာမှ England Derby ပြိုင်ဘက် Liverpool ကို 0-3 ဂိုးဖြင့် အရှုံးပေးခဲ့ရ၏။ အတော်လေး ဆိုးလှ၏။ တဂိုးမှ ပြန် မသွင်းနိုင်ဘဲ ဂိုးပြတ် ရှုံးတာကတော့ ခံရခက်၏။ မနိုင်လောက်တာကို သိပေမယ့် ခုလိုကြီး ဂိုးပြတ်သွားမယ်လို့ မထင်ထားခဲ့ပေ။ ရှေ့ တပတ်ကလည်း Brighton ကို ရှုံးထားခဲ့သည်မို့ ခု ရှုံးပွဲနဲ့ဆိုရင် နှစ်ပွဲဆက် ရှုံးပွဲ ကြုံခဲ့ရ၏။
Ten Hag က ဘာတွေ လုပ်နေမှန်းကို မသိပေ။ သူက တလွဲလုပ်လိုက် ကစားသမားတွေက တလွဲလုပ်လိုက်နဲ့။ မနေ့ကဆို Casemiro ရဲ့ အမှားကနေ 2 ဂိုးထိ ပေးလိုက်ရ၏။ Mainoo လေးကြောင့်လည်း 1 ဂိုး ပေးလိုက်ရသေး၏။ ကွင်းလယ် ယိုပေါက်ကြီးက ခုထိ မဖာထေး မပြင်ဆင်နိုင်သေးပေ။
မနေ့က ကိုယ်တွေလည်း ဂိုးသွင်းခွင့်ရပါရဲ့။ နို့ပေမယ့် မသေချာလို့သာ ဂိုး မဖြစ်သွားခဲ့တာပါလေ။ ဘာပဲ ပြောပြော ဒီနှစ်လည်း ဒီအတိုင်းကြီး ဆိုရင်တော့ အဆင်မပြေပေ။ အပြောင်းအလဲက လိုနေခဲ့ပြီ။
(photo from Manchester United Facebook page)