လျှပ်စစ်မီး မမှန်ခြင်း၏ နောက်ဆက်တွဲ အနေနဲ့ Wifi တွေ Mobile data တွေပါ အဆင်မပြေတော့ပေ။ Mobile data ပါ မကောင်းနေတာကတော့ ဘယ်လိုမှ အဆင်မပြေတော့ပေ။ မီး မမှန်တော့ Wifi ups လည်း အားကောင်းကောင်း မဝင်တော့ ယခင်ထက်စာရင် wifi သုံးလို့ရသည့် အချိန် ပိုနည်းလို့လာခဲ့၏။ အားသာ အပြည့် သွင်းထားရရင် 8 နာရီအသုံးခံပေမယ့် ခုလို မီးလာပုံနဲ့ wifi ups လည်း အားမပြည့်တော့ပေ။ wifi ups ကိုက wifi စက်၏ original adapter နဲ့သာ ချိတ်ထားခြင်း ဖြစ်၏။ ထို adapter က 2 A သာ ရ၏။ ထို့ကြောင့် အားပြည့်ဖို့က အချိန်ပေးရ၏။ wifi စက်ကိုကော ups ကို ခွဲပေးနေရသည်ကိုး။ 3 A adapter ပြောင်းလိုက်ရင်တော့ နည်းနည်း ပိုပြီး မြန်လာ နိုင်၏။
သို့ပေမယ့် ယခုလို မီးလာချိန်မျိုးနဲ့ကတော့ 3 A လောက်နဲ့လည်း ထူးခြားမည် မဟုတ်ပေ။ 5 A တို့ 10 A တို့ လောက်နဲ့မှသာ ထူးပေလိမ့်မည်။ ups ထဲ အားမပြည့်တာနဲ့ ရိုးရိုး power bank နဲ့ ပြန်ပြန်ချိတ်ပြီး သုံးနေရ၏။ ရိုးရိုး power bank ဆိုတော့ ups လိုတော့ မဟုတ်နေပေ။ ကြိုးဖြုတ်ရ တပ်ရတာမျိုးတော့ ရှိ၏။ ဒါလောက်လေးက ကိစ္စ မရှိပေ။ Mobile data တွေက ဈေးကြီးနေတော့ wifi နဲ့မှ အဆင်ပြေမှာမို့ ဖြုတ်ပေါ့၊ တပ်ပေါ့။ အဲ့မှာ နောက်တခု ထပ်ပေါ်လာ၏။ Power bank နဲ့ wifi စက်ကို ချိတ်သည့်ကြိုး။
ထို ကြိုးက အသုံးပြုလာတာ ကြာပြီမို့ သိပ် အဆင်မပြေတော့ပေ။ power မသွားတော့ပေ။ Power bank နား ချိတ်သည့် ကြိုးနေရာက လွတ်နေခြင်း ဖြစ်၏။ ကြိုးထပ်ဝယ်ရပေလိမ့်ဦးမည်။ လမ်း မသင့်နေတာနဲ့ မဝယ်ရသေးပေ။ အဲ့ဒါနဲ့ပဲ မီးပျက်ချိန်ကြာသွားလို့ ups ပါ အားမရှိတော့ရင် ငုတ်တုတ်မေ့ပါလေရော။ Mobile data ကိုကလည်း ဇွတ်မသုံးရဲ။
Wifi အတွက် တခြား နည်းလမ်း တခုလည်း စဉ်းစားထားသေး၏။ ကြိုးကတော့ ဝယ်ကို ဝယ်ထားရမည်။ ထို့အပြင် ဆိုလာလည်း တချက်တော့ စဉ်းစားထား၏။ wifi သုံးလို့ရအောင် လောက်ပဲပေါ့။ နွေလည်း ရောက်လာပြီမို့ နေရောင် ကောင်းကောင်း ရသဖြင့် ဆိုလာနဲ့ဆိုရင်လည်း အဆင်ပြေလောက်ပြီ။ ကုန်ကျစရိတ် ဘာညာ တချက်တော့ တွက်ကြည့်ရဦးမည်။ wifi နဲ့ ညရေးညတာ မီးလေး နှစ်ပွင့်လောက် ထွန်းဖို့ အတွက်လောက်ပေါ့။