They Back

in #hive-12213310 days ago

စာကြို မရေးဖြစ်တာ ကြာပြီ။ အရင်က တရက်စာကို ကြိုကြို ရေးနေကြ။ ခုက တင်ခါနားနီးမှ ထထ ရေး။ ပိုစ့် တင်နေကြ အချိန်တွေ နောက်ကျလိုကျ။ ညဘက်လည်း စောစော မအိပ်ဖြစ်ပေ။ အစောကတော့ အရင်ကလည်း မအိပ်ဖြစ်ဆိုတော့ သိပ်တော့ မဆန်းပေ။ ခုက အရင်ထက် ပိုဆိုးနေတာ။ Telegram Airdrop တွေ လိုက်လျှောက် လုပ်နေတာနဲ့ပဲ တော်တော်နဲ့ မအိပ် ဖြစ်ပေ။ စာက ကြိုတင်ရေးထားတာ ရှိပါ၏။ Phone battery လဲလိုက်ရတုန်းက အကြောင်းပေါ့။ အခန်းဆက် အပိုင်းတွေ ခွဲရေးထားတာ။ ဒါပေမယ့် တင်တော့ မတင်ဖြစ်သေးပေ။

အလောတန်တွေ ဖြစ်နေပေမယ့်လည်း အလျင်မှီနေသေးသည်မို့ အဆိုပါ ကြိုတင်ရေးလေးတွေကို ခဏထားထား လိုက်ပါဦးမည်။ ယခု ပိုစ့်ကိုတော့ မနေ့ည ၁၂ တနည်းအားဖြင့် မနက် ၁၂ မှာ ကြိုရေးထားခြင်း ဖြစ်၏။ Linkin Park ၏ From Zero (Live Stream) ကို နားထောင်နေရင်းနဲ့ပေါ့။ Livestream ဆိုပေမယ့် ကိုယ်တွေက Live Stream မမှီလိုက်တော့ ညမှ ပြန်နားထောင်ပေါ့။

ကျနော့်ရဲ့ လူငယ် ဘဝမှာ အနားထောင် ဖြစ်ဆုံး Band တခုပေါ့။ 1 st Year ကျတော့ Linkin Park ၏ သီချင်းတွေနဲ့ပဲ ခံစားချက်တွေကို ဖောက်ထုတ် ပစ်လေ့ ရှိ၏။ ထိုစဉ်က Tape ခေတ် ဖြစ်၏။ သီချင်းခွေမှာ သီချင်း စာသားတွေ တပါတည်း ပါ၏။ English စာ ဘာညာလည်း လေ့လာလို့ ရတာပေါ့။ ဘာတွေ ဆိုသွားလဲကို စာရွက်ကြည့်ပြီးတော့လည်း လိုက်မှတ်လို့ ရတာပေါ့။ မှတ်မှတ်ရရ Hybrid Theory & Meteora ခွေ 2 ခွေ ကျနော် ဝယ်ခဲ့၏။ အိမ်ကနေ ရသည့် မုန့်ဖိုးတွေကို စုပြီး ဝယ်ခဲ့ရခြင်း ဖြစ်၏။

အမေ့၏ ဂျပန် ကက်ဆက်ကြီးနဲ့ Linkin Park နဲ့ ကွက်တိ။ ဒါတောင် Sound Box ဘာညာ မရှိလို့သာ။ လူကြီးတွေ မရှိချိန်ဆို ကျနော် ဖွင့်ပြီ။ ရသည့် နေရာ လိုက်အော်၊ မွန်းကြပ်မှုတွေကို ဖွင့်ထုတ်ပေါ့။ အကိုကြီးက သူ့ နားကြပ် ကက်ဆက်လေး အသုံး ပြုခွင့် ပေးချိန်ကတော့ အပျော်ဆုံး အချိန်ပင်။ ဘယ်သူ့ မျက်နှာ ဘယ်သူ့ကိုမှ အားနာ စရာ မလိုတော့ဘဲ နားကြပ်တပ်ပြီး ရှယ် ကြမ်းပေါ့။

မနေ့ တနေ့ကတော့ ကျနော်တို့၏ Linkin Park ပြန်လာခဲ့ပြီ။ သူတို့သီချင်းတွေကို နားထောင်တိုင်း Chester ကို လွမ်းမိ၏။ ခုတော့ Band အနေဖြင့် အဆိုတော် သစ်နဲ့ ပွဲထွက်လာခဲ့ပြီ။ Emily Armstrong ဆိုသည့် အမျိုးသမီးအဆိုတော် ဖြစ်၏။ Tone color ကတော့ Chester ကြီးလိုပင်။ Linkin Park နဲ့ လိုက်၏။ Chester နေရာကို အစားထိုးခြင်းမျိုး မဟုတ်ပေ။ Chester ရှိခဲ့သည့် အပိုင်းပြီးနောက် ဒါက နောက်ထပ် တပိုင်းလို့ ပြောလို့ရမည်။ ဒါကြောင့်လည်း Live Stream ကို From Zero လို့ ပေးထားခဲ့သည်ထင်။ Live Stream ပြန်ကြည့်ပြီးနောက် The Emptiness Machine ကို ထပ်ပြန်တလဲလဲ နားထောင်နေမိတော့၏။

(Photo from Wikipedia & Internet)