သူ တည်ငြိမ် နေနိုင်အား

in #hive-12213317 days ago

ရှေ့ နှစ်လှမ်း တိုးဖို့ နောက်တလှမ်း ဆုတ်တဲ့။ ဒီစကားက Hive အတွက်တော့ မမှန်ပေ။ သူ ကား ပြောင်းပြန်၊ ရှေ့ တလှမ်း တိုးတာက နောက်ကို နှစ်လှမ်း ဆုတ်ဖို့ ဖြစ်ချေ၏။ လွန်ခဲ့သောရက်က 0.4$ ဝန်းကျင်မှာ ရှိနေပေမယ့် ဒီနေ့မှာတော့ 0.3$ ဝန်းကျင်မှာ ရောက်နေခဲ့၏။ Hive သည်လည်း United နဲ့တောင် ဆင်တူ ချင်ချင်ရယ်။ United က ဘယ်တော့မှ အနိုင်မယူတတ်သလို Hive ကလည်း ဘယ်တော့မှ ဈေး မတက်ပေ။ တက်လည်း ခဏလောက်ရယ်သာ။

ဈေးမကောင်းတော့ စာရေးလို့ပါ မကောင်းတော့ပေ။ ရေးရတာ စိတ်မပါ လက်မပါနဲ့။ မရေး မဖြစ်လို့သာ ရေးနေရသလို ဖြစ်နေခဲ့၏။ လူ့စိတ်ကလည်း ရယ်ရသား။ Hive မတိုင်ခင် Steemit မှာ စရေးတုန်းကဆို စာရေးနေရရင်ကို ပျော်နေပြီလေး ဘာလေးနဲ့။ နောက်ပိုင်း ငဝါးလေးတွေ ရလာတော့ ရေးနေရရင် ပြီးရော မဟုတ်တော့ပေ။ Vote လေး ကောင်းကောင်းမှ မရရင် Tokens ဈေးလေးမှ မကောင်းရင် ရေးချင် သလိုလို မရေးချင် သလိုလိုနဲ့ရယ်။

Steemit တုန်းကတော့ Steem တွေ အချိန်တခုစာလောက်ဈေးကောင်းကောင်းနဲ့ ရပ်တည်နေနိုင်ခဲ့ဖူး၏။ Hive ကတော့လား၊ ပြောကို မပြောချင်တော့ပေ။ အင်မတန်ကိုမှ တည်ငြိမ်လွန်းသည့် Hive ပင်။ ဈေးကောင်းမှာ ငြိမ်ခြင်း မဟုတ်ဘဲ ဈေးနည်းနည်းလေးမှာ ငြိမ်နေတာလေး တခုသာ။

မည်သို့ပင် ဆိုစေကာမူ ရေးစရာ ရှိတာ ဆက်ရေးနေဖို့သာ။ ကိုယ့်မှာလည်း ရေးစရာ မရှိတဲ့အခါမျိုးဆို Hive ဈေးကျသည့် ကိစ္စကိုပဲ ပြောပြော ရေးရေး လုပ်နေရ၏။ သူကလည်း ပြောလည်း ပြောချင်စရပင်။ ဒီလောက်တောင် ပြောနေတာ အပြောမခံဘူးကွာ ဆိုပြီး မခံချင်စိတ်နဲ့ ဈေးတက် ပြလိုက် သင့်ပါတယ်လေ။

Sort:  

ဟုတ်ပ ဒင်းက စေျးတက်ဖို့
ဘယ်သူ့ကို စောင့်နေသလဲ မသိဘူး။
!LOLZ
!MEME

What rock band has a huge ghost following?
The Boo Boo Dolls.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(2/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ

သူ့သူပဲ ပြန်စောင့်နေတယ် ထင်ပါရဲ့ဗျာ။
😂