ကြားရက် ပွဲစဉ်တွေမှာတော့ တဖန် ပြန်လည်ပြီး ပျော်ရွှင်ခဲ့ရပါတယ်။ ဘယ်အချိန် ထပ် စိတ်ညစ်ရမည်တော့ မသိသေးပေ။ မြန်မာစံတော်ချိန် မနက် ၁၂ နာရီ ၁၅ မိနစ်မှာ ကစားခဲ့သည့် Viktoria Plzen vs Man United တို့၏ ပွဲစဉ်မှာ United က 1-2 နဲ့ အနိုင်ရခဲ့၏။ ဦးဆောင်ဂိုးကို Viktoria Plzen က ၄၈ မိနစ်မှာ အရင် သွင်းယူခဲ့ခြင်း ဖြစ်၏။ ၆၂ မိနစ်နှင့် ၈၈ မိနစ်တွေမှာတော့ United အတွက် ချေပဂိုးနှင့် အနိုင်ဂိုးတွေကို Hojlund က သွင်းယူ ပေးခဲ့၏။ ယခုပွဲ အနိုင် ရရှိမှုကြောင့် United တို့ ယူရိုပါလိဂ် အမှတ်ပေး ဇယားမှာ အဆင့် ၇ ထိ တက်လှမ်းလာနိုင်ပြီ ဖြစ်၏။
အဆင့် ၁ မှ ၈ အထိ အသင်းတွေက Round of 16 ကို တိုက်ရိုက် ဝင်ခွင့်ရမှမို့ United တို့ အနေဖြင့် ယခု အနေအထားလေးကို သေချာထိန်းထားပြီး လက်ကျန်ပွဲတွေကို အာရုံစိုက်ထားဖို့ လိုမည် ဖြစ်၏။ ကြားရက် ပွဲစဉ်တွေမှာ United men & women နှစ်သင်းလုံး ကိုယ်စီ နိုင်ပွဲတွေ ရယူနိုင်ခဲ့တာမို့ ဝမ်းသာရပါ၏။ လာမယ့် Weekend ပွဲစဉ်တွေမှာလည်း ခုလို ပျော်ရွှင်ဖွယ် ရလဒ်လေးတွေ ယူဆောင်လာဖို့ မျှော်လင့် မိ၏။
ဒီတပတ် Super Sunday မှာတော့ Man United women အသင်းက Crystal Palace women အသင်းနှင့် Man United အသင်းကတော့ Man City အသင်းတို့နှင့် အသီးသီး ရင်ဆိုင် ကစားရမည် ဖြစ်၏။ အဝေးကွင်း ပွဲစဉ်တွေ ဖြစ်၏။ Man City နဲ့ Manchester Derby ပွဲ ကစားရမည့် United အဖို့ ခက်ခဲ့မည့် ပွဲစဉ် တပွဲ ဖြစ်လာပေလိမ့်မည်။
EPL မှာ နှစ်ပွဲဆက် ရှုံးထားပေမယ့် ကြားရက် ယူရိုပါလိဂ် ပွဲစဉ်ကိုတော့ အနိုင်ကစားထားခဲ့၏။ EPL မှာ နှစ်ပွဲဆက် ရှုံးနိမ့်မှုကို United တို့ ရပ်တန့် နိုင်မလားကတော့ စိတ်ဝင်စားစရာပင်။ တဖက်ကလည်း ရလဒ်တွေ ဆိုးရွားနေတဲ့ City အဖို့ ယခုပွဲစဉ်က အရေးကြီးလို့ နေပြန်၏။ United နည်းပြ Amorim အနေဖြင့်လည်း Arsenal ပြီးနောက် ထပ်မံ ရင်ဆိုင်ရသည့် Man City နဲ့ ပွဲမှာ ပုံစံကောင်း၊ ရလဒ်ကောင်းတွေ ပြသထားနိုင်ဖို့ လိုမည် ဖြစ်၏။ ဘာပဲ ပြောပြော Manchester Derby က ကြည့်လို့ကောင်းမည့် ပွဲကောင်း တပွဲ ဖြစ်မှာကတော့ အသေအချာပင်။