ဝေလေလေ

in #hive-1221339 days ago

ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်ချေ၏။ ထွေထူးတော့ လုပ်စရာ မရှိနေပေ။ ဒီအတိုင်း သာမန်နေ့ တနေ့သာ ဖြစ်ချေ၏။ အေးဆေး relax လုပ်၊ အနားယူရသည့်နေ့ဟု ပြောရအောင်လည်း မဟုတ်ပြန်ပေ။ ကျနော့်မှာ Weekend, Weekdays ရယ်လို့ မရှိပေ။ Weekend ပေမယ့် အနားမရဘဲ အလုပ်ရှုပ်ချင် ရှုပ်နေတတ်ပြီး Weekdays ပေမယ့်လည်း အားချင်အား၊ နားချင်နား နေရတတ်ပြန်၏။

တနင်္ဂနွေ မနက်တိုင်း နီးပါးတော့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်၏။ Mobile Legends ကစားကြခြင်း ဖြစ်၏။ Futsal အတူကန်သည့် သူငယ်ချင်းတွေနဲ့ ကစားခြင်း ဖြစ်၏။ အသင်းက သူငယ်ချင်းက တနင်္ဂနွေနေ့တိုင်း ကလေးတွေကို ဓမ္မစကူး အပို့အကြို လုပ်ပေးရ၏။ ကလေးတွေ ပို့ပြီး ကြားထဲ အားနေချိန် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဂိမ်း ကစားကြခြင်း ဖြစ်၏။

ညနေဖက်တော့ တခါတလေလည်း ထပ်ဆုံ ဖြစ်ရင် ဆုံ ဖြစ်ကြသေး၏။ ဘာပဲ ပြောပြော ခုလိုလေး ဆုံပြီး ဂိမ်းလေး ဘာလေး ကစားဖြစ်တော့ စိတ်ပြေလက်ပျောက်လည်း ဖြစ်တာပေါ့လေ။ အနိုင်ရတာ နည်းပြီး ရှုံးပွဲဆက်တာ များသွားရင်တော့ စိတ်ပြေ လက်ပျောက် မဖြစ်တော့ဘဲ ပိုပြီး စိတ်ညစ်သွားတာမျိုးလည်း ရှိလေ၏။


(photo from Manchester United Facebook page)

ဒီတပတ်မှာတော့ လိဂ်ပွဲစဉ်တွေ မရှိဘဲ နိုင်ငံတကာ ပွဲစဉ်တွေသာ ရှိ၏။ လိဂ်ပွဲတွေ မရှိလို့ ပျင်းရပေမယ့် United ပွဲ မရှိ၊ မကြည့်ရတော့ အတန်ငယ်တော့ စိတ်ချမ်းသာရ၏။ ကိုယ်အားပေးသည့် အသင်းက ကိုယ့်ကို စိတ်ဒုက္ခ ပေးလိမ့်မည်လို့ တခါသားမှ မတွေးထားဖူးပေ။ Ten Hag အနာဂတ်က ဘယ်လိုလဲ ဘာညာတော့ မသိရသေးပေ။ နောက်တပတ် စနေနေ့ မှာ ကစားမည့် Brentford နဲ့ ပွဲစဉ် ရလဒ်ကို ထပ်မံ စောင့်ကြည့်ဦးမည်လားတော့ မပြောတတ်ပေ။

လက်ရှိ 7 ပွဲ ကစားပြီး Brentford က 10 မှတ်ဖြင့် အဆင့် 11 နေရာမှာ ရပ်တည်နေ၏။ United ကတော့ 8 မှတ်ဖြင့် အဆင့် 14 နေရာမှာ ရပ်တည်နေ၏။ အသင်း၏ အမှတ်ပေးဇယား ရပ်တည်မှုက ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိပေ။ ဂိုးကွာခြားချက်ကလည်း -3 တဲ့လေ။ တကယ့်ကို ဆိုးဆိုးပင်။ တာဝန်ရှိသူတွေ အနေနဲ့ ပြင်ဆင်သင့်တာကို အမြန်ဆုံး ပြင်ဆင်ဖို့ လိုမည် ဖြစ်၏။ ကျနော်တို့ ယခင် United ကို ပြန်လိုချင်ပါ၏။

Sort:  

!LOLZ
!MEME

In my past life I was a turtle.
It is slowly coming back to me.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)

PLAY & EARN $DOOM