Phone ဈေးတွေ ပြန်ကျနေ၏။ မြန်မာ ငွေဈေးများ မဆိုစဘောက် တက်လာလို့လား။ ဒါမှ မဟုတ် တရုတ်ဖက်က လျော့ ပေးလို့လေ များလားပေါ့။ Phone ဈေး ကျပေမယ့် ကုန်ဈေးနှုန်းကတော့ တက်နေဆဲပင်။ ဈေးကျပေမယ့် ကျနော် ဝယ်နိုင်သည့် အနေအထား ရောက်ဖို့က အနည်းငယ် လိုနေပြန်သေး၏။ Brand new နဲ့ second hand ကြား ရွေးရခက်နေပြန်ခဲ့ပြီ။
Crypto market က စိမ်းနေသည် ဆိုပေမယ့် ကျနော့် လက်ထဲ ရှိသည့် tokens အတိုအစလေးတွေက ဈေး သိပ်မကောင်းလှပေ။ အတိုအစ များများဆို ဟုတ်သေး၊ ခုက အတိုအစ နည်းနည်း ဖြစ်နေတာလည်း ပါမည်။ ဒုတိယ ဘုရားသခင်ကား တခါတလေတော့ ခက်ခဲမှုကို ဖြစ်စေ၏။ ခုထိတော့ ကိုယ်ကပဲ ငွေကို ရှာနေရသေး၏။ ငွေက ပြန်လာရှာဖို့ကတော့ ကြိုးစားရပေလိမ့်ဦးမည်။
ခုတလော သတိထားမိသည့် phone အရောင်းဆိုင်တခု သတိထားမိ၏။ Zest mobile ဖြစ်၏။ အဆိုပါ ဆိုင်ကို YouTube ကနေ စသတိထားမိခြင်း ဖြစ်၏။ Phone ဆိုင်က အကိုက YouTube မှာ phone, tablet review, unboxing တွေ၊ သတင်းတွေ အစရှိတဲ့ video တွေ တင်ပေးပါတယ်။ လက်ရှိ Review လုပ်သူတွေထဲမှာ honest အဖြစ်ဆုံးနဲ့ detail အကျဆုံး tech reviewer တယောက်လို့ ပြောလို့ရပါမယ်။ (ဒါက ကျနော့် personal အမြင်ပါ။ တခြား reviewer တွေလည်း သူ့ဟာနဲ့သူ ကောင်းကြပါတယ်)
သူ့ဆိုင်ကို အဆိုပါ video တွေကြောင့် သတိထားမိခဲ့၏။ ခု နောက်ထပ် သတိထားမိစေသည့် အချက်က ဈေးနှုန်း ဖြစ်၏။ ဈေးတွေကျသည်နှင့် ကျဈေးအလိုက် ဈေးပြောင်းပြီး ရောင်းပေးခြင်း ဖြစ်၏။ ဘယ်လောက်ထိ ကွာနေလို့လဲ မေးက အတော်ကွာသည်ဟု ဆိုရမည်။ ကျနော်တို့ ဆီက ဈေးမှန် ဈေးသက်သာသည့် ဆိုင်ထက်ကို သုံးသောင်းနဲ့ လေးသောင်းကြားလောက်ကို ကွာနေ၏။ ထိုအချက်က ကျနော့်ကို အံ့အားသင့် သဘောကျမိစေ၏။
ခက်တာက သူ့ဆိုင်က ပျော်ဘွယ်မြို့မှာ ဖြစ်၏။ ဝယ်ယူ အားပေးချင်ရင်တောင် Delivery သို့မဟုတ် ကားဂိတ်ကနေပဲ မှာယူ ပို့ဆောင်လို့ရမည် ဖြစ်၏။ delivery ခ ပါ ပေါင်းလိုက်ရင်တော့ ဒီကဈေးနဲ့ တသောင်း နှစ်သောင်းလောက်ပဲ ကွာတော့မည် ထင်ပါရဲ့။ အားပေးချင်ပေမယ့်လည်း အဆိုပါ အချက်ကြောင့် ခဏငြိမ်နေပြန်ရသေး၏။ ကိုယ်တွေဆီမှာကော ဈေးထက်ချ လာဦးမလားပေါ့လေ။ ဈေးနှုန်းလေးသာ အဆင်ပြေသွားခဲ့ရင်တော့ second အစား၊ အသစ်သာ ကိုင်ထည့် လိုက်တော့မယ် တွေးထား၏။