Cafe Sake

in #hive-1221332 years ago

Art = Sharing တဲ့။ နို့ ဒါဖြင့် Love = Sharing ဆိုရင်ရော။ ရပါတယ် တဦးတယောက်ထဲ အတွက်ပဲ ရည်ရွယ်ထားတဲ့ ချစ်ခြင်းမေတ္တာမျိုးကို အခြားသူ အပေါ် Sharing မလုပ်သရွေ့ပေါ့။ ကိုယ်က အားလုံးကို တန်းတူ မေတ္တာ ထားတာပါလေလို့တော့ ရောမချနဲ့ပေါ့။ ဘာတဲ့ မုန့်သာ ဝေစားမယ် အချစ်တော့ ဝေမစားဘူး ဆိုတာကလည်း ရှိသေးသကိုး။ တဦးတယောက်ထဲ အတွက် Love ကို တဦးတယောက်ထဲ အတွက် ထားပြီး အများအတွက် Love ကို အများ အတွက်ထားတာပဲ ကောင်းပါတယ်လေ။

ဒီလိုဆို ဒီလိုလေး ပြောင်းကြည့်ချင်ရင်ကော ရမလား။ Food = Sharing, Coffee = Sharing ဆိုပြီးတော့ လေ။ ကျနော့် အဖို့မှာက (၄) မျိုး လုံး ရသား။ Art, Love, Food, Coffee ဒါကိုမှ extra တခု ထပ်ထည့်ရရင် Drink ပေါ့ဗျာ။ ကျနော့်မှာတော့ အားလုံးကို ချစ်တဲ့ ချစ်ခြင်းမေတ္တာမျိုးပဲ ရှိတာပါလေ။ (ဆယ်လီတွေ အင်တာဗျူးမှာ ဖြေလေ့ ရှိသလိုပေါ့)

Art နဲ့ မစိမ်းသူတွေကတော့ ကိုနေမျိုးဆေးကို သိကြမယ် ထင်ပါရဲ့။ ကိုနေမျိုးဆေး အိမ်ဆောက်တာ ပစ္စည်း အဟောင်းတွေနဲ့ပဲ ဆောက်သတဲ့။ တနေရာရာမှာ အိမ်အို၊ အိမ်ဟောင်း ဖျက်ပြီဆို သူ့မှာ ပြေးပြေးကြည့်ပြီး ကြိုက်တာ၊ သဘောကျတာလေးတွေ တွေ့ရင် ကိုယ့်အိမ်မှာထည့်ဖို့ ဆိုပြီး ဝယ်ဝယ်လေ့ ရှိသတဲ့။ ပစ္စည်းတွေက အဟောင်းဆိုတော့ အသစ်တွေလိုတော့ စျေးမကြီးဘူးပေါ့။ ပစ္စည်း စျေးထက်စာရင် သယ်ယူရတဲ့ ကုန်ကျစရိတ်ကတောင် ပိုများနေတတ်သေးတယ်။

ပစ္စည်း အဟောင်းတွေ ဆိုတာထက် အသုံးပြုပြီးသားကိုမှ ထပ်မံ အသုံးပြုလို့ရသေးတဲ့ ပစ္စည်းတွေလို့ (Recycle) ပြောရင် ပိုသင့်တော် မလားပဲ။ Artist တယောက် လက်ထဲ ရောက်သွားတော့ ဒီအဟောင်းတွေကပဲ အနုပညာဆန်တဲ့ နေချင်စဖွယ် အိမ်လေး တလုံး ဖြစ်သွားခဲ့ပါလေရောလား။ ကိုနေမျိုးဆေးကလည်း သူ့အိမ်လေးကို သေသေချာချာ ကျကျနန လေးကို အသေးစိတ် ဆောက်ခဲ့တာပါ။ သူ့ စိတ်ကူးထဲက အတိုင်းပေါ့။

မနက်ခင်း အလင်းရောင်က ဘယ်လို၊ နေ့လည်၊ ညနေ အလင်းရောင်က ဘယ်လို၊ ဘယ်နေရာမှာ စာဖတ်မယ် ဆိုတာမျိုးတွေ အထိပေါ့။ အို ယုတ်စွအဆုံး သန့်စင်ခန်း နေရာနဲ့ သန့်စင်ခန်းထဲ ဘယ်လို ပန်းအိုး ထားမယ်က အစပေါ့။

ကျနော့်မှာ ကိုနေမျိုးဆေး ရေးထားတဲ့ သူ့အိမ်နဲ့ ပတ်သက်တဲ့ စာလေး ဖတ်ပြီး သူ့အိမ်ကို အပြင်မှာ တကယ် သွားရောက် လည်ပတ်ကြည့်ရှုချင်စိတ်တွေ တဖွားဖွား ပေါ်လို့ လာပါလေရော။ ဒါပေမယ့် ကိုယ်နဲ့ အလှမ်းကွာဝေး လွန်းတဲ့ အရာဆိုတော့ တချိန်ချိန်ပေါ့ ဆိုတဲ့ စိတ်နဲ့ပဲ မျိုသိပ် ကြိတ်မှိတ်ပြီး သူ တင်ပေးထားတဲ့ ဓာတ်ပုံလေးတွေပဲ ကြည့်ရင်း ရသေ့ စိတ် ဖြေခဲ့ရပါတယ်။

တောင်ကြီးမှာလည်း အဲ့လို Art ဆန်ဆန် အိမ်မျိုးတွေနဲ့ ပတ်သက်လို့ မကြားမိပေမယ့် (ရှိပေမယ့် ကျနော် မသိတာလည်း ဖြစ်နိုင်) ပစ္စည်း အဟောင်းလေးတွေနဲ့ ဖန်တီး ပြင်ဆင်ထားတဲ့ (Installation Art လို့ ဆိုရမလားပဲ) Coffee ဆိုင်လေးတွေတော့ ရှိသား။ Secret Cafe in Taunggyi တို့ ဘာတို့ လိုမျိုးလေးပေါ့။ ခုတော့ အနုပညာ ဆန်တဲ့ နောက်ထပ် Coffee ဆိုင်လေး တဆိုင် ထပ်တွေ့ရပြန်ပါပြီ။ Cafe Sake တဲ့။

ဆိုင်က တကယ်ကို ကော်ဖီဆိုင် တခုထက် ပိုပါတယ်။ အနုပညာနဲ့ ကော်ဖီ၊ ကော်ဖီနဲ့ အနုပညာကို တွဲပြီး မြင်လိုက်ရသလိုပါပဲ။ ကျနော်တို့မြိူ့မှာ ကော်ဖီဆိုင်ဆန်တဲ့ ကော်ဖီဆိုင် ဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ဒီထဲမှာ Cafe Sake ကိုလည်း ထည့်ရပါလိမ့်မည်။

အနုပညာနဲ့ ပတ်သက်တဲ့ လက်ရာ၊ ဖန်တီးမှုလေးတွေ များတာမို့ ကျနော် ပြောပြတဲ့ နေရာမှာ တစုံတရာ လွဲချော် မှားယွင်းမှု ရှိသွားခဲ့မယ် ဆိုရင် ကြိုတင်ပြီး တောင်းပန်ထားပါရစေ။ ဖန်တီးထားသူရဲ့ လက်ရာကောင်း၊ လေးနက်မှုတွေကို ကျနော့် စကားလုံးတွေ ကြောင့် ပေါ့သွားမှာလည်း စိုးရိမ်မိပါတယ်။

ကော်ဖီဆိုင်ပါဆိုနေ ဘာလို့ Art နဲ့ ပတ်သက်တာတွေပဲ လှိမ့်ပြောနေတာလဲလို့ ဘုတောရင်လည်း ခံရမှာပဲ။ ဆိုင် ကိုယ်၌ကကို အနုပညာဆန်နေခဲ့တာကိုး။ Google Map မှာ ဆိုင်ကို ရှာခဲ့ရင်လည်း ရိုးမ အနုပညာရပ်ဝန်းလို့ပဲ တွေ့ပါလိမ့်မယ်။ ဆိုင် အနေနဲ့ Page သက်သက်လည်း မလုပ်ထားသေးပါဘူး။ နောက်ပိုင်း Page လုပ်ဖြစ်၊ မဖြစ်တော့ ကျနော်လည်း မပြောတတ်သေးပေ။

Art ဖက်ကို အတော်လေး သွားလို့ အစားအသောက် ပိုင်း လျော့သွားမယ်လို့တော့ မထင်လိုက်ပါနဲ့။ ပေးရတဲ့ တန်ဖိုးနဲ့ တန်အောင် (ပိုတောင် ပိုသေး) ပြန်ရမယ့် ဆိုင်မျိုးပါ။ ဆိုင် အပြင်အဆင်တင် မကဘူး၊ menu စာအုပ်လေးကအစ အနုပညာ ဆန်လွန်းလှပါတယ်။ Artist တွေရဲ့ လက်ရာကို menu စာအုပ်လေးနဲ့ တွဲဖက်ထားပုံလေးက တကယ့်ကို ချစ်စရာပါ။ ( ကျနော်တို့ သူငယ်ချင်း တစု ယူသွားလို့ ရလားလို့ တမျိုး၊ ခိုးသွားမယ်ကွာလို့ တဖုံ ကိုစိုင်းလုံ (စိုင်းမွန်း) ကို စနောက်ခဲ့ကြတဲ့ အထိ menu စာအုပ်လေးက ကျနော်တို့ရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်လွန်းလှပါတယ်)

သောက်စရာ အနေနဲ့ ကော်ဖီ၊ အအေး၊ တီး အစုံရပါတယ်။ စားစရာလည်း အစုံရပါတယ်။ Pizza‚ Burger‚ Cakes, Sandwich, Spaghetti, Hotdog အစရှိသဖြင့် အာလူးချောင်းကြော် ဘာညာ အဆုံးပေါ့။ The Pizza is ဆိုတဲ့ ဆိုင်လေးကိုမှ ခုနေရာမှာ Cafe Sake ဆိုပြီး ကော်ဖီနဲ့ ပူးပေါင်း ရောက်ရှိလာတာ ဖြစ်လို့ Pizza အရသာက သိပ်အများကြီး ပြောနေစရာ မလိုလောက်ပါဘူးလေ။ ကျနော်တို့ကတော့ Pizza မစား ဖြစ်ခဲ့ပါဘူးလေ။ ထုံးစံအတိုင်း ဗိုက်ပြည့်နေလို့။ ကော်ဖီ၊ အအေး၊ တီးကို Sandwich, အာလူးချောင်းကြော်တို့နဲ့ မြည်းစမ်းခဲ့ပါတယ်။ Pizza ကတော့ နောက်တခေါက်မှပေါ့။

Recycle ပစ္စည်းလေးတွေနဲ့ ဖန်တီးထားတဲ့ ဆိုင်တွင်း ဆိုင်ပြင် ထိုင်စရာ နေရာလေးတွေက တကယ်ကို နှစ်သက်စရာပါ။ ဆိုင်ရှေ့က နှစ်ဖက်ပွင့်၊ နှစ်ဖက်ပိတ် ထိုင်စရာ အခန်းလေးကတော့ ဆိုင်လာတဲ့လူ အတော်များများ သဘောကျမယ့် နေရာလေး ဖြစ်မှာပါ။ ဒီအခန်းလေးထဲမှာ ပန်းချီကား (၃) ကား ရှိပါတယ်။ တကားကတော့ ကော်ဖီနဲ့ ဆွဲထားတဲ့ ကော်ဖီပုံ ပန်းချီကားလေး ဖြစ်ပါတယ်။

ဆိုင်မှာ နှစ်ကာလများ စာအုပ်တိုက်က စာအုပ်တွေကိုလည်း ဝယ်ယူ အားပေး ဖတ်ရှုနိုင်ပါသေးတယ်။ ဒါ့ပြင် Rose Mary ပင်လေးတွေလည်း ဝယ်ယူအားပေးနိုင်ပါသေးတယ်။ ကော်ဖီသောက်ရင်း အနုပညာစျာန်ဝင်စားချင်တယ် ဆိုရင်တော့ Cafe Sake မှာ ထိုင်ကြည့် လိုက်ပါလို့ပဲ ပြောပါရစေ။

အဆုံးသတ်ကို menu စာအုပ်ထဲက စာသားလေးနဲ့ နှုတ်ဆက်ပါရစေ။

"Cafe. Art. Food. Relationship"

ဆိုင်လိပ်စာ

ဂုဏ်ထူးလမ်း၊ (Aurora Cafe မျက်စောင်းထိုး လမ်းကြားလေးကနေ နည်းနည်းမောင်းဝင် သွားလိုက်ရင် ရောက်ပါပြီ)၊ ပြည်တော်သာ ရပ်ကွက်၊ တောင်ကြီးမြို့။

Google Map

Yoma Art Space
09 45804 3738
https://maps.app.goo.gl/RHMDPes9gvbcVdrW7

ဆိုင်ဖွင့်ချိန်

ပြောရရင် ဆိုင်က အတည် တကယ် မဖွင့်သေးဘူးရယ်။ ဒီအတိုင်း Soft Open လုပ်ထားတဲ့ သဘောပါ။ သင်္ကြန်တွင်းလည်း ဖွင့်မယ် လို့တော့ ပြောပါတယ်။

#CafeSake
#FoodMyChoice
#PhyoeBakerySupply

Sort:  

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (2/2) but the daily limit has been reached or the mana is too low. Try again later.

As a consolation, @foodmychoice gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

PIZZA!

$PIZZA slices delivered:
@uthantzin(8/10) tipped @foodmychoice

!PGM !PIZZA

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 8

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


Congratulations @foodmychoice! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You published more than 10 posts.
Your next target is to reach 20 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out our last posts:

LEO Power Up Day - April 15, 2023
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!